images
UN
UN
ဒဏ်ရာပြဿနာမြင့်တက်လာခြင်းကြောင့်နည်းပြလမ်းပတ်အခက်တွေ့ စီးရီးအေတွင် ပြန်ကစားရန် ဂျော်ဂျင်ဟိုတံခါးဖွင့်ထားကြောင်း အေးဂျင့်ဖွင့်ဟ
Tuesday, 15 October 2019

ချဲလ်ဆီးကစားသမားအများစု သည် လက်ရွေးစင်အသင်းများနှင့် ဒဏ်ရာရရှိမှုမြင့်တက်နေခြင်းကြောင့် နည်းပြလမ်းပတ်အခက်တွေ့ရပြီ ဖြစ်သည်။ ယခုတစ်ပတ်တွင် ယှဉ် ပြိုင်ကစားနေသော ယူရိုခြေစစ်ပွဲ စဉ်များတွင် ချဲလ်ဆီးအသင်းမှ ကစားသမားငါးဦးမှာ လက်ရွေး စင်အသင်းများနှင့်အတူ ဒဏ်ရာ ရရှိခဲ့ကြသည်။ နောက်ခံကစား သမားခရစ္စတန်ဆန်၊ ကွင်းလယ်လူ များဖြစ်သော ကိုဗာဆစ်နှင့်ကန်တီ၊ လူငယ်ကစားသမား ရီဆီဂျိမ်းတို့ မှာ ဒဏ်ရာရရှိသော ကစားသမား ငါးဦးအတွင်းပါဝင်နေကြသည်။
ချဲလ်ဆီးသည် လာမည့်တစ် ပတ်တွင် နယူးကာဆယ်နှင့်ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။ ချဲလ် ဆီး၏ဒဏ်ရာရကစားသမားများ အတွင်းမှ ရူဒီဂါနှင့်လိုတက်ချိတို့ မှာလည်း အဆိုပါပွဲစဉ်ကို ပါဝင် နိုင်ဖွယ်မရှိသဖြင့် ယခုထွက် ပေါ်လာသော ဒဏ်ရာပြဿနာ စာရင်းအသစ်ကြောင့် နည်းပြလမ်း ပတ်အတွက်ကစားသမားရွေးချယ်မှု ခက်ခဲတော့မည်ဖြစ်သည်။
ချဲလ်ဆီးနှင့်ဆက်စပ်သတင်း တစ်ရပ်တွင် ကွင်းလယ်လူဂျော်ဂျင် ဟိုသည် စီးရီးအေ၌ပြန်ကစားရန် တံခါးဖွင့်ထားကြောင်းကစားသမား ၏ အေးဂျင့်က ဖွင့်ဟလိုက်သည်။ ဂျော်ဂျင်ဟိုသည် ဆာရီလက်ထက် ၌နေရာရရှိခဲ့သော်လည်း လမ်းပတ် လက်ထက်တွင် နေရာရရှိရန် ရုန်း ကန်နေရသူဖြစ်သည်။ ¤င်း၏အေး ဂျင့်က ကစားသမားသည် အတွေ့ အကြုံမြင့်မားပြီးစီးရီးအေထိပ်တန်း အသင်းများ၌ ကစားနိုင်စွမ်းရှိဟု ပြောသည်။ Ref ;Dailymail