images
UN
UN
မန်ယူအသင်းပရီးမီးယားလိဂ်၏ လစာအမြင့်ဆုံးဖြစ်လာ
Tuesday, 15 October 2019

မန်ယူအသင်းသည်ပရီးမီးယားလိဂ်၏လစာအမြင့်ဆုံးဖြစ်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒီဂီယာအားစာချုပ်သစ်ချုပ်ဆိုခဲ့ ပြီးနောက် မန်ယူအသင်း၏ လစာနှုန်းထားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် မန်ယူသည် ကစားသမားများအား တစ်နှစ်လျှင် ပေါင် ၃၃၂ သန်းအထိ ပေးချေနေရပြီဖြစ်သည်။ ဆွစ်ဇာလန်အခြေစိုက် ဘဏ္ဍာ ရေးဆိုင်ရာအချက်အလက်များတွက်ချက်ဖော်ပြသည့်အဖွဲ့ ွတင်် ြၽောဘူန က ဖော်ပြခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း၏ ကစားသမားလစာသည် ပြီးခဲ့သော သုံးနှစ်အတွင်း ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ် သည်။ သို့သော် မန်ယူသည် နှစ် ၃ဝ အတွင်းအဆိုးရွားဆုံးရာသီစတင် မှုနှင့်ရင်ဆိုင်ခဲ့ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် တန်းဆင်းဇုန် နှင့်နှစ်မှတ်သာကွာတော့သည်။
Ref ;Dailymail