images
UN
UN
မန်စီနီအား အီတလီဘောလုံးအဖွဲ့ချုပ်သက်တမ်းတိုးမည်
Tuesday, 15 October 2019

အီတလီဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ မန်စီနီ အား ၂ဝ၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမည်ဖြစ်ကြောင်းသိရသည်။ မန်စီနီသည် အီတလီအသင်းအား ယူရိုခြေစစ်ပွဲအုပ်စုပွဲစဉ် ခုနစ်ပွဲစလုံး အနိုင်ရရှိစေရန်ဦးဆောင်ပေးထားသူဖြစ်သည်။ ထို့ကြောင့် ¤င်းတို့သည် ပွဲစဉ်သုံးပွဲကစားရန်ကျန်ရှိနေချိန်တွင် ဒုတိယနေရာမှဖင်လန်အား ကိုးမှတ် အထိဖြတ်ထားနိုင်ပြီး ဂိုးကွာခြားချက် ၁၇ ဂိုးအထိရရှိထားခြင်းကြောင့် ခြေစစ်ပွဲအောင်သွားခဲ့ပြီဖြစ်သည်။ ပြီးခဲ့သောနှစ်က မန်စီနီနှင့် စာချုပ် ချုပ်ဆိုခဲ့ရာတွင် ယူရိုခြေစစ်ပွဲအောင်မြင်စေရန် ဦးဆောင်ပေးနိုင်ပါက ၂ဝ၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သဘောတူညီချက်ထည့် သွင်းထားသည်။ ထို့ကြောင့် အဆိုပါသဘောတူညီချက်အတိုင်း သက် တမ်းတိုးတော့မည်ဖြစ်သည်။
Ref ;Gazzetta