images
UN
UN
မြန်မာပရိသတ်များကို ကျေးဇူးတင်ကြောင်း အောင်လအန်ဆန်ပြောကြား
Tuesday, 15 October 2019

ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် One Championship ပြိုင်ပွဲ၏ Century Part 2 တွင် ပြိုင်ဘက် ကစားသမား ဘရန်ဒန်ဗီရာအား အနိုင်ရရှိခဲ့ပြီးနောက် ¤င်းကိုချစ် မြတ်နိုးအားပေးကြသည့် မြန်မာ ပရိသတ်များအား ကျေးဇူးတင် ကြောင်း အောင်လအန်ဆန်က ပြောကြားခဲ့သည်။ One Championship ၏ ဝိတ်တန်းနှစ်ခု ချန် ပီယံဖြစ်သော အောင်လအန်ဆန် သည် လိုက်ဟဲဗီးဝိတ်ခါးပတ်ကာ ကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ပြီးခဲ့သော မတ်လအတွင်းက တိုကျိုမြို့တွင်ကစားခဲ့သည့် မစ် ဒယ်ဝိတ်ခါးပတ်ကာကွယ်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ¤င်းကိုလာ ရောက်စိန်ခေါ်ခဲ့သည့် ဗီရာအား ဒုတိယအချီ၌ပင် အလဲထိုး အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ပွဲ သည် အောင်လအန်ဆန်၏ ခုနစ် ပွဲဆက်နိုင်ပွဲဖြစ်ခဲ့ပြီး ကစားသမား ဘဝတစ်လျှောက် ၂၅ ပွဲမြောက် နိုင်ပွဲရရှိခဲ့ခြင်းလည်းဖြစ်သည်။
အောင်လအန်ဆန်က ''အံ့သြ စရာနိုင်ပွဲတစ်ပွဲပါပဲ။ ကျွန်တော့်ကို အားပေးထောက်ခံမှုပေးတဲ့သူတွေ အားလုံးနဲ့One Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အပေါ် ချစ်မြတ်နိုးမှုတွေ နဲ့ အားပေးထောက်ခံခဲ့ကြတဲ့ မြန်မာ ပရိသတ်တွေကိုလည်း ကျေးဇူး တင်ချင်ပါတယ်။ ကျွန်တော်တို့ ပို ပြီးကောင်းလာအောင် ကြိုးစားနေ ပါတယ်။ ဒါက အစပဲရှိပါသေး တယ်''ဟု ¤င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ ခြင်းဖြစ်သည်။