images
UN
UN
နာဇီအလေးပြုမှုပုံစံနှင့် လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သော ပရိသတ်များကြောင့် ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို နုတ်ထွက်ရန်တောင်းဆို
Tuesday, 15 October 2019
အင်္ဂလန်အသင်းနှင့်ယှဉ်ပြိုင်ခဲ့ သော ယူရိုခြေစစ်ပွဲစဉ်တွင် ပရိ သတ်များ၏ ဆိုးရွားသောအပြုအမူ များကြောင့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကိုရာထူးမှ နုတ်ထွက်ရန် ဘူလ်ဂေးရီးယားဝန်ကြီးချုပ်ဘွိုင် ကိုဘိုရီဆော့ဗ်က တောင်းဆိုခဲ့ ကြောင်း ဒေးလီးမေးလ်သတင်း ဌာနက ဖော်ပြသည်။ အဆိုပါ ပွဲ စဉ်မတိုင်မီကတည်းက ဘူလ်ဂေး ရီးယားပရိသတ်များ၏ လူမျိုးရေး ခွဲခြားမှုများ လုပ်လာနိုင်သည့်အပေါ် ဥရောပဘောလုံးအဖွဲ့ချုပ်က သတိ ထားစောင့်ကြည့်မှုများ ရှိခဲ့သည်။ အင်္ဂလန်အသင်းက အဝေးကွင်း တွင် ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ သည့်ပွဲ၌ ဘူလ်ဂေးရီးယားပရိသတ် များသည် အင်္ဂလန်၏လူမည်းကစား သမားများကို ပစ်မှတ်ထားကာ လူမျိုးရေးခွဲခြားမှုစကားလုံးများဖြင့် အော်ဟစ်ခဲ့ကြသည်။ ထို့ကြောင့် ဘူလ်ဂေးရီးယားအသင်းခေါင်းဆောင် ပိုပေါ့ဗ်ကပင် ပရိသတ်များအား သွားရောက်တောင်းပန်မှုပြုလုပ်ခဲ့ ရသည်။
ထို့အပြင် ဘူလ်ဂေးရီးယား ပရိသတ်များသည် အနက်ရောင် အင်္ကျီများနှင့် အနက်ရောင် မျက်နှာ စည်းများကိုလည်း လူစုလူဝေးဖြင့် ဝတ်ဆင်ခဲ့ကြပြီး နာဇီအလေးပြုမှု ပုံစံများလည်း ပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင် ဘူလ်ဂေးရီးယား ဝန်ကြီးချုပ်က ပရိသတ်များ၏ အပြုအမူများအတွက် ဘောလုံး အဖွဲ့ချုပ်တွင် တာဝန်ရှိသည်ဟု ယူဆခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးမှမထွက်မချင်း အစိုးရဘက် မှ ထောက်ပံ့မှုများ ရပ်ဆိုင်းထားရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ဘူလ်ဂေးရီးယားဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌမီဟေးလော့ဗ်သည် ဥရောပဘောလုံးအဖွဲ့ချုပ်၏ အမှု ဆောင်ကော်မတီတွင် အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ယူထားသူ လည်းဖြစ်သည်။ အင်္ဂလန်တွင် လာရောက်ကစားခဲ့သည့် ပထမ အကျော့ပွဲစဉ်က ဘူလ်ဂေးရီးယား ပရိသတ်များ၏ လူမျိုးရေးခွဲခြားမှု အပေါ် ကာကွယ်ပြောကြားခဲ့ဖူး သူလည်းဖြစ်သည်။ ဘူလ်ဂေး ရီးယားနှင့်အင်္ဂလန်ပွဲ၌ လူမျိုးရေး ခွဲခြားအော်ဟစ်မှုများကြောင့် ပွဲအား နှစ်ကြိမ်တိုင် ရပ်နားခဲ့ရသော်လည်း ပြီးဆုံးသည်အထိ ဆက်လက်ယှဉ် ပြိုင်ရန် ကွင်းလယ်ဒိုင်က ဆုံးဖြတ် ခဲ့သည်။ သို့သော် ဥရောပဘောလုံး အဖွဲ့ချုပ်သည် ဗီဒီယိုမှတ်တမ်းများ ကို ကြည့်ကာ ဘူလ်ဂေးရီးယား အား ပြစ်ဒဏ်ချမှတ်ရန် စီစဉ်သွား မည်ဖြစ်ကြောင်း သိရသည်။
Ref;Dailymail