images
UN
UN
စံချိန်များကို ချိုးဖျက်ရန် ရည်ရွယ်ချက်ထားနေခြင်းမရှိဟု စီရော်နယ်ဒိုပြောကြား
Tuesday, 15 October 2019
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက စံချိန်များကို ချိုးဖျက် ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း ဖွင့်ဟလိုက်သည်။ စီရော်နယ်ဒို သည် ပေါ်တူဂီနှင့်ယူကရိန်းတို့ ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ပင် နယ်တီမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ သူဖြစ်သည်။ ထို့ကြောင့် ၄င်းသည် ကလပ်အသင်းနှင့် လက်ရွေးစင် အသင်း နှစ်ခုပေါင်းသွင်းဂိုး ၇ဝဝ ပြည့်သွားခဲ့ပြီဖြစ်သည်။ ၄င်း၏ ထိပ်သီးပြိုင်ဘက်ဖြစ်သော မက်ဆီ ပင် ကလပ်နှင့်လက်ရွေးစင်သွင်းဂိုး ၆၇၂ ဂိုးသာ သွင်းယူနိုင်သေးသည်။ ထို့ကြောင့် စီရော်နယ်ဒိုသည် ဘော လုံးသမိုင်းတွင် ရိုမာရီယိုနှင့်ပီလီ တို့ကဲ့သို့ ဂန္ထဝင်စာရင်းဝင်ရောက် နိုင်တော့မည်ဖြစ်သည်။
စီရော်နယ်ဒိုက ''ဒီသွင်းဂိုး အရေအတွက်က လွယ်လွယ်ကူကူ နဲ့မရနိုင်ဘူးဆိုတာကို သိပါတယ်။ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ နည်း ပြတွေကို ကျေးဇူးတင်ရမှာပါ။ စံချိန်မှတ်တမ်းတွေကို ကျွန်တော် ဘယ်လောက်အထိ ချိုးဖျက်နိုင်ဦး မလဲမသိပါဘူး။ ဒါပေမယ့် စံချိန် မှတ်တမ်းတွေနောက်ကို ကျွန်တော် လိုက်နေတာမဟုတ်ပါဘူး။သူတို့ က ကျွန်တော့်ဆီကို လာနေကြတာ ပါ''ဟု ပြောကြားခဲ့သည်။ စီရော် နယ်ဒိုသည် စပို့တင်းအတွက် ငါး ဂိုး၊ မန်ယူအတွက် ၁၁၈ဂိုး၊ ရီးရဲလ် အတွက် ၄၅ဝ ဂိုး၊ ဂျူဗင်တပ် အတွက် ၃၂ ဂိုးနှင့်ပေါ်တူဂီအတွက် ၉၅ ဂိုး သွင်းယူထားခြင်းဖြစ် သည်။
Ref ;Sport.net