images
UN
UN
မြန်မာ ယူ-၂၂ အသင်းပါဝင်ယှဉ်ပြိုင်မည့် ဆီးဂိမ်းအုပ်စုပွဲစဉ်များထွက်ပေါ်
Tuesday, 15 October 2019
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၉ ဆီးဂိမ်း ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ Pasay City တွင် ကျင်းပခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် အုပ်စု (က)တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ် ပြီး အိမ်ရှင်ဖိလစ်ပိုင် ယူ-၂၂ ၊ မလေးရှား ယူ-၂၂ ၊ ကမ္ဘော ဒီးယား ယူ-၂၂ ၊ အရှေ့တီမော ယူ-၂၂ အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၂၃ ရက်မှစတင်ကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ သည်။ ထို့အပြင် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကာတာနိုင်ငံသို့ လေ့ကျင့်ခြေစမ်း ခရီးစဉ်သွားရောက်မည်ဖြစ်သည်။ အဆိုပါကာလတွင် နီပေါ ယူ-၂၃ အသင်း၊ ကာဂျစ္စတန် ယူ-၁၉ အသင်း၊ ကာတာကလပ်တစ်သင်း တို့နှင့် ခြေစမ်းရန်စီစဉ်ထားသည်။ ကာတာနိုင်ငံမှ ပြန်လည်ရောက်ရှိ ပြီးနောက် ဆီးဂိမ်းပြိုင်ပွဲသို့မသွားမီ နိုဝင်ဘာလအတွင်း ဆီးဂိမ်းပြိုင်ပွဲ ဝင် အခြားအုပ်စုမှ ပြိုင်ဘက်များ နှင့်ခြေစမ်းရန်လည်း စီစဉ်ထား သည်။ လက်ရှိတွင် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ဟိုချီမင်းမြို့၌ ခြေစမ်းရန် နှစ်နိုင်ငံဘောလုံးအဖွဲ့ ချုပ်နှစ်ခုအကြား သဘောတူညီချက် ရရှိထားကြောင်းလည်း သိရသည်။
အုပ်စုမဲခွဲပွဲပြီးနောက် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ် က ''အရေးကြီးဆုံးက ကောင်း မွန်စွာ လေ့ကျင့်ပြင်ဆင်ထားဖို့ပါ ပဲ။ ကျွန်တော်တို့ကောင်းကောင်း ပြင်ဆင်ထားရင် ဘယ်အသင်းကိုမှ မှုစရာမလိုဘဲ အသင်းတိုင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ပြိုင်ဘက်တိုင်းကို လေးစားတယ် ဆိုပေမယ့် ဘယ်သူ့ကိုမှာတော့ ကြောက်နေမှာမဟုတ်ဘဲ အုပ်စု အဆင့်ကနေ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ အကောင်းဆုံးကြိုးစား သွားမှာပါ''ဟု ပြောကြားခဲ့ သည်။
Ref ;MFF