images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံး စစ်သံရုံးမိသားစုများနှင့်တွေ့ဆုံ
Tuesday, 15 October 2019
ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ယမန် နေ့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံရုံးသို့သွားရောက်၍ သံရုံး နှင့်စစ်သံရုံးမိသားစုများအား တွေ့ ဆုံအမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ် ချုပ်ကြီးညိုစော၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးကြီးတင်စိုး နှင့်အဖွဲ့ဝင်များ လိုက်ပါပြီး ဂျပန် နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာသံရုံး၊စစ်သံရုံးမိသားစု များကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က သံရုံး ဧည့်သည်တော် မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးကာ ပေး အပ်ခဲ့ကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသား စုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေ ကောင်း မိတ်ဆွေဟောင်းနိုင်ငံ များဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်း မှုစတင်စဉ်ကာလကတည်းကပင် ဆက်ဆံခဲ့သည့် သမိုင်းကြောင်း များရှိကြောင်း၊ အတိတ်ဆိုသည် မှာ သင်ခန်းစာရယူရန်ဖြစ်ပြီး အခြေ အနေဖန်တီးပိုင်ခွင့်ရှိသည့် လက်ရှိ ပစ္စုပ္ပန်တွင် နေထိုင်ကြသူများက အနာဂတ်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမည့် တာဝန်ရှိ ကြောင်း ပြောသည်။
ထို့ကြောင့် ဂျပန်-မြန်မာ ဆက်ဆံရေးတွင် အတိတ်ကရှိခဲ့ သည်များကို သင်ခန်းစာရယူ၍ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာ အောင်လုပ်ဆောင်ပြီး ကောင်းမွန် သည့်အနာဂတ်ကို တည်ဆောက် ရမည်ဖြစ်ကြောင်း၊ မိမိတို့ နှစ် နိုင်ငံဆက်ဆံရေးသည်တိုးတက် ကောင်းမွန်လျက် ရှိသည်ဟုပြော သည်။
လက်ရှိခရီးစဉ်တွင် ဂျပန် နိုင်ငံရှိ နိုင်ငံရေးပါတီများမှ အကြီး အကဲများ၊ ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အသီးသီးတို့မှ တာဝန်ရှိသူများ သည် မြန်မာနိုင်ငံအပေါ်တူညီ သည့်သဘောထားဖြင့် မတူညီ သောအဖွဲ့အစည်းများက ပုဂ္ဂိုလ် များပူးပေါင်းဆုံဆည်း ဆောင်ရွက် ပေးခဲ့ပြီး မိမိတို့နိုင်ငံအပေါ်အလေး အနက်ထားမှုကိုပေါ်လွင်စေကြောင်း၊ နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် သံတမန်ဆက်ဆံရေးသည် များစွာ အရေးပါသောကြောင့် သံရုံး၊ စစ် သံရုံးမိသားစုများ၌ နိုင်ငံ့တာဝန် ထမ်းဆောင်နေသူများအနေဖြင့် စည်းလုံးညီညွတ်စွာဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှေးဦးစွာမှာကြားခဲ့သည်။

ဆက်လက်ပြီးမိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံရေးအရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်း မှုရှိရန်များစွာ လိုအပ်မည်ဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ သာကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ခြင်းကြောင့် ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲနှင့် ဆန္ဒစွဲများကို ပယ်ဖျောက်ပြီး မြန်မာစိတ်မွေး၍ စည်းလုံးညီညွတ် စွာနေထိုင်ကြရမည်ဖြစ်ကြောင်း ပြောသည်။
ဂျပန်နိုင်ငံ၏ ယခုကဲ့သို့ဖွံ့ဖြိုး တိုးတက်မှုများသည် ၄င်းတို့၏ ကြိုးစားအားထုတ်မှု၊ အတတ် ပညာ၊ အသိပညာလေ့လာသင်ယူ အားထုတ်မှုတို့ကြောင့်ပင်ဖြစ် ကြောင်း၊ သံတမန်လုပ်ငန်းတာဝန် များကိုအလေးထားဆောင်ရွက်ရန် လိုပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အကျိုးတူစီးပွား ရေးလုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများအခွင့်အလမ်းရရှိစေ ရေး သံတမန်ဆက်ဆံရေးမှ တစ်ဆင့် ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်းပြောသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ရာခိုင် နှုန်း ၇ဝခန့်က ကျေးလက်နေသူ များဖြစ်သဖြင့် ထုတ်ကုန်များကို ရောင်းကုန်များ ဖြစ်လာစေရေး အတွက် လိုအပ်သည့်နည်းပညာ များကို မျှယူရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာသို့ ပို့ကုန်များတင်ပို့ နိုင်ရေးအချက်အလက်နှင့် နည်း ပညာများ ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ရမည်ဖြစ်ကြောင်း ပြော သည်။
ယခုကဲ့သို့ ဝေးလံသည့်နိုင်ငံ များတွင် တာဝန်ထမ်းဆောင်နေ ကြရသူများဖြစ်သည့်အတွက် ကျန်းမာရေးဂရုစိုက်ကြရန် လိုအပ် ပြီး ကျန်းမာရေးကောင်းမွန်မှသာ လုပ်ငန်းတာဝန်များကို အောင်မြင် စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နှင့် အချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ကြ၍ မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းမှ ကြိုးစားဆောင်ရွက် ကြစေလိုကြောင်းမှာကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာ တော်သင် သင်တန်းသားများ အတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် ချီး မြှင့်ငွေများအား ပေးအပ်ရာ သံ အမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။