images
UN
UN
တရုတ်(တိုင်ပေ)မှကုန်ပစ္စည်းများကိုပြသသွားမည့်FORMOSAပြပွဲ ကျင်းပသွားမည်
ရွှေရောင် Wednesday, 16 October 2019
တရုတ်(တိုင်ပေ)မှကုန်ပစ္စည်း များကိုပြသသွားမည့်FORMO-SA ပြပွဲကို ယခုလ ၂၆ ရက်တွင် ရန်ကုန်မြို့ (ယခင်ဟံသာဝတီကား ဝင်း)ယခုTimesCity တွင် နံနက် ၁ဝ နာရီမှ ညနေ ၆နာရီထိ ကျင်းပ သွားမည်ဖြစ်သည်။
တရုတ်(တိုင်ပေ)မှကုန်ပစ္စည်း မျိုးစုံကို တစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့်အပြင် မြန်မာနိုင်ငံ တွင် နှစ်ပေါင်းရှည်ကြာရင်းနှီး မြှုပ်နှံထားသည့်အင်္ကျီစက်ရုံ၊ ဖိနပ် နှင့်အခြားသောကုန်ပစ္စည်းထုတ် လုပ်သည့်စက်ရုံများမှ ပြခန်းပေါင်း ၈ဝကျော်ဖြင့် ပြသထားမည်ဖြစ် သည်။
''ပြခန်း၈ဝထဲမှာမှ ပရိဘောဂ ပစ္စည်းတွေပါမယ်။အိမ်သုံးပစ္စည်း တွေလည်းပါမယ်။ နောက်အလှ ကုန်ပစ္စည်းတို့၊အထည်ချုပ်တို့ ဖိနပ် တို့နဲ့ နောက်တစ်ခုကျတော့ ဘဏ် ရယ်၊ ခရီးသွားလာရေးတွေနဲ့ ပတ် သက်တဲ့ဟာတွေပါ ပြသမှာဖြစ်ပါ တယ်''ဟုတရုတ်(တိုင်ပေ)ကုန်သည် များအသင်း အတွင်းရေးမှူးချုပ် ဦးညီညီဇင်က ပြောသည်။
ပထမအကြိမ်အဖြစ်မြန်မာနိုင်ငံ ရှိ တရုတ်(တိုင်ပေ)ကုန်သည်များ အသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ် ပြီး လက်ရှိအသင်းနှင့် ဆက်စပ်နေ သည့်ကုမ္ပဏီ ၃ဝဝကျော်မှလုပ်ငန်း ရှင်များ လာရောက်ကြမည်ဖြစ် ကြောင်း အရည်အသွေးကောင်း သော တရုတ်(တိုင်ပေ) ကုန်ပစ္စည်း များကို တစ်ရက်တည်းသာလေ့လာ ကြည့်ရှုဝယ်ယူနိုင်မည်ဖြစ်ကြောင်း ¤င်းက ပြောသည်။ ယခုပြပွဲတွင် တရုတ် (တိုင်ပေ)လုပ်ငန်းရှင်များ ပြည်တွင်းသို့ လာရောက်ရင်းနှီး မြုပ်နှံနိုင်ရန်အစီအစဉ်များထားရှိ မည့်အပြင် မြန်မာလုပ်ငန်းရှင်နှင့် တရုတ် (တိုင်ပေ)လုပ်ငန်းရှင်များ ကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ဆွေးနွေးမှုများကိုလည်း ဖော် ဆောင် ပေးထားမည်ဖြစ်ကြောင်း သိရသည်။