images
UN
UN
မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ၏ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံအား လာအိုနိုင်ငံတွင်သုံးရက်တိုင်တိုင်ကျင်းပသွားမည်
ဇင်မင်းနိုင် Wednesday, 16 October 2019
မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံ များ၏ (၁၁) ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာပြည်သူ့ကျန်းမာရေး ညီလာခံကို ယခုလ ၁၇ရက်မှ ၁၉ ရက်အထိ သုံးရက်တိုင်တိုင် လာအို နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ သိရသည်။
အဆိုပါပွဲသို့ ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ် များမှ ကာကွယ်ရေးနှင့် လူမှုရေး ဆေးပညာဌာနများ၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်တို့မှ ဆရာ ဆရာမများ၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနတို့မှ ပညာ ရှင်များစုစုပေါင်း ၃၉ဦးအား တွေ့ ဆုံမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဝန်ကြီးဌာနမှ ပညာ ရှင်များအနေဖြင့် နိုင်ငံတကာပြည် သူ့ကျန်းမာရေးညီလာခံသို့ တက် ရောက်၍ မိမိတို့၏ သုတေသန စာတမ်းများဖတ်ကြားခြင်းနှင့် သုတေသနပိုစတာများတင်ပြခြင်း အတွက် နိုင်ငံတကာပြည်သူ့ကျန်းမာ ရေးကဏ္ဍအခြေအနေနှင့်ဖွံ့ဖြိုးတိုး တက်မှုများ၊ အခြားနိုင်ငံများ၏ သုတေသနဆောင်ရွက်မှုနည်းလမ်း နှင့်နည်းစနစ်များကို လေ့လာသိရှိ နိုင်မည်ဖြစ်ပြီး နိုင်ငံတကာမှပညာ ရှင်များ၊ အဖွဲ့အစည်းများနှင့် ကွန် ရက်ချိတ်ဆက်မှုကိုလည်း ပိုမို ကောင်းမွန်စေနိုင်ကြောင်းသိရသည်။
ပြည်သူ့ကျန်းမာရေးညီလာခံ ကိုImproving Health Equities Among Greater Mekong Sub-Region Countries:A Public HealthChallenge ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊မြန်မာ၊ဗီယက်နမ်နှင့်ထိုင်း နိုင်ငံတို့ရှိ ပြည်သူ့ကျန်းမာရေးဆိုင် ရာ တက္ကသိုလ်များမှဆရာ၊ဆရာမ များ၊ သုတေသနပညာရှင်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာ နိုင်ငံကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့ ကျန်းမာရေးတက္ကသိုလ်ပါမောက္ခ ချုပ် ဒေါက်တာလှလှဝင်းက ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။