images
UN
UN
မဆင်မခြင် မအိုယာဉ် စီးနေကြသူများ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 16 October 2019
''အရက်ကိုမအိုဆေး''ဟု ပြောစ မှတ်ပြုနေခဲ့ကြသည်မှာ ကြာခဲ့ပြီမို့ ထို စကားကိုရိုးအီနေကြလေပြီ။ အရက် သောက်စားမှုများပြားလွန်းပြီး အရက်က လူကိုနိုင်သွားလေသောအခါ သက်ကြီး ရွယ်အိုဘဝအထိ သက်ဆိုးမရှည်ကြတော့ ဘဲ လူ့ဘဝသက်တမ်းမစေ့မီ ငယ်ငယ် ရွယ်ရွယ်နှင့် သေဆုံးသွားရသောကြောင့် ''အရက်ကိုမအိုဆေး''ဟု သတ်မှတ်ခေါ် ဆိုနေကြသည်မှာ မှန်ကန်သဘာဝကျလှ ပေသည်။
''မအိုဆေး''အပြင် ''မအိုယာဉ်များ လည်းရှိနေကြောင်း၊ ကျွန်တော်ဟောပြော ရေးသားနေခဲ့သည်မှာ ကြာခဲ့လေပြီ။ ''မ အိုယာဉ်များ''ဟူသည်ကား ကျွန်တော် တို့နိုင်ငံအနှံ့အပြားတွင် ယင်မမဲရိုင်းများ ကဲ့သို့ရိုင်းစိုင်းသောင်းကျန်းနေကြသော ''စည်းမဲ့ကမ်းမဲ့ဆိုင်ကယ်များ''ပင်တည်း။
ဆိုင်ကယ်စီးနေကြသူများထဲတွင် စည်းမဲ့ကမ်းမဲ့ မဆင်မခြင်စီးနေကြသော ကလေး၊ လူငယ်များမှာ သက်ဆိုးမရှည် ကြဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးနေရ သောကြောင့် ''အရက်ကိုမအိုဆေး''ဟု သတ်မှတ်ခေါ်ဆိုနေကြသလို''ဆိုင်ကယ် များကိုလည်းမအိုယာဉ်များ''ဟု ကျွန် တော်သတ်မှတ်ခေါ်ဆိုနေခြင်းဖြစ်ပါသည်။
ကျွန်တော်ကအကြောင်းမဲ့ အဓိပ္ပာယ် မဲ့ သတ်မှတ်ခေါ်ဆိုနေခြင်းမဟုတ်။ ကျွန် တော်တာဝန်ယူ ထုတ်ဝေနေသော သက်တမ်း ၂၂နှစ်ကျော်လာခဲ့သည့်''ရှု ထောင့်မှုခင်းနှင့်သတင်းဂျာနယ်''တိုက် သို့ရောက်ရှိလာခဲ့ကြသော မှုခင်းသတင်း ပေါင်း မြောက်မြားစွာအနက် ယာဉ် အန္တရာယ်မှုခင်းများကအများဆုံးဖြစ်နေပါ သည်။ ယာဉ်အန္တရာယ်မှုခင်းများထဲတွင် ဆိုင်ကယ်တိုက်မှု၊ တိမ်းမှောက်မှုတွေက အများဆုံးဖြစ်ပွားနေလေရာ လူသေကျေ ထိခိုက်ဒဏ်ရာရမှုမှာ ထိပ်ဆုံးမှရပ်တည် နေသောကြောင့်''မအိုယာဉ်''များဟု ကျွန်တော်ရဲဝံ့စွာ သတ်မှတ်ခေါ်ဆိုနေ ခြင်းဖြစ်ပါသည်။
''စာရေးဆရာကြီး မြသန်းတင့်'' မကွယ်လွန်မီက ဆိုင်ကယ်တွေပေါများ ခေတ်စားလာသော မြိတ်မြို့ကို ဟွန်ဒါ ယဉ်ကျေးမှုဟု တင်စားညွှန်းဆိုခဲ့ပါ သည်။ ယခုလို အချိန်အခါမျိုးမှာသာ ဆရာမြသန်းတင့်၊ သက်ရှိထင်ရှားရှိနေပါ က ဟွန်ဒါယဉ်ကျေးမှုအစား၊ ဆိုင်ကယ် ရိုင်းစိုင်းမှုများဟု ရှုတ်ချလှောင်ပြောင်ပြီး ဆင်ခြင်အသိ၊ အလင်းရောင်ပေးမည်မှာ သေချာလှပါသည်။
ကျွန်တော်က စာပေဟောပြောပွဲများ နှင့်စာပေလုပ်ငန်းများအတွက် ခရီးဆက် နေခဲ့ရာ နယ်အနှံ့နှစ်စဉ်ရောက်နေခဲ့ပါ သည်။ ရောက်သည့်နေရာတိုင်းရှိ လူကြီး၊ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်း သူများပါမကျန် ဆယ်ကျော်သက်အရွယ် ကလေးငယ်တွေကအစ စက်ဘီးများကို အသုံးမပြုကြတော့ဘဲ ဆိုင်ကယ်များကို သာအပြိုင်အဆိုင်ဝယ်ယူစီးနင်းနေကြသည် ကိုတွေ့မြင်နေခဲ့ရပါသည်။ ''ခေတ်မီသူ တိုင်းပင်လယ်ငါးစားကြသည်ဟူသည့်နှယ် ခေတ်မီသူတိုင်းဆိုင်ကယ်စီးကြသည်''ဟူ သောဆောင်ပုဒ်တစ်မျိုးကို နောက်ထပ် တိုးရမည့်ကိန်းဆိုက်နေပါသည်။


မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကျေးရွာ ပေါင်း ခြောက်သောင်းကျော်ရှိနေရာ ကျေးရွာတစ်ရွာလျှင် ဆိုင်ကယ်အစီးရေ ပျမ်းမျှအနည်းဆုံး အစီးရေ ၃ဝ ပဲထား ပါဦး။ အစီးရေနှစ်သိန်းနီးပါးရှိနေနိုင်ပါ သည်။ မြို့တိုင်း၊ ရပ်ကွက်တိုင်းမှာမူ ဆိုင် ကယ်စီးရေက ပို၍များပြားလှပါသည်။ တချို့အိမ်များတွင် ဆိုင်ကယ်လူစေ့တက် စေ့ထားရှိနေကြပါသည်။ ဆိုင်ကယ်များ က ကားများထက်သွားလာရေး ကိစ္စရပ် များတွင် လျင်မြန်လွယ်ကူ ထိရောက်မှု ရှိလှသည်။ ကားများဖြင့် သွားလာ၍ မရသောနေရာမှန်သမျှသို့ ဆိုင်ကယ်များ ဖြင့်သွားလာ၍ ရလာကြသောအခါ ကား များ၏ရှေ့သို့ဆိုင်ကယ်များက အလိုလို ရောက်လာ နေရာရလာခဲ့ကြပါသည်။ ဆိုင်ကယ်ခေတ် ဖြစ်လာခဲ့သည်။
ဆိုင်ကယ်ခေတ်ဖြစ်လာသောအခါ ဆိုင်ကယ်အန္တရာယ်တွေက တစ်နေ့တခြား များပြားလာသည်။ တာဝန်အရစီးနင်းနေ သောဝန်ထမ်းများနှင့် လူရွယ်လူကြီးများ က လမ်းစည်းကမ်းယာဉ်စည်းကမ်းများ ကိုလိုက်နာကြသည့်အပြင် ဆင်ဆင်ခြင် ခြင်မောင်းနှင်နေကြသောကြောင့်ဆိုင်ကယ် တိမ်းမှောက်မှု၊ တိုက်မှုမဖြစ်ပွားကြသော် လည်းစည်းမဲ့ကမ်းမဲ့မဆင်မခြင် မောင်း နှင်နေကြသော လူငယ်များနှင့် ကလေး များမှာမူ ဆိုင်ကယ်တိုက်မှုများနှင့် တိမ်း မှောက်မှုများ ဖြစ်ပွားနေကြပါသည်။ဆိုင်ကယ်ချင်း၊ မျက်နှာချင်းဆိုင် တိုက်မှုများ မကြာခဏဖြစ်ပွားနေကြ သလို ဆန္ဒစောပြီး ရှေ့ကကားကိုကျော် တက်ကြရာမှ အရှိန်လွန်ပြီး တစ်ဖက်မှ ယာဉ်ကြောသို့ ရောက်ရှိသွားကာ ထိုယာဉ် ကြောအတိုင်း လမ်းမှန်မောင်းနှင်လာကြ သော ယာဉ်များနှင့်တိုက်မိကြခြင်း၊ လမ်း ဘေးရှိသစ်ပင်များနှင့် တိုက်မိကြခြင်း၊ မိမိဆိုင်ကယ်က ရှေ့ကကားကို အချက် မပြဘဲ ကျော်တက်ခဲ့ရာမှ ရှေ့ကားဘေး နှင့်ချိတ်မိပြီး လူရောဆိုင်ကယ်ပါ ကား အောက်သို့ရောက်ရှိသွားခြင်းများဖြစ်လေ့ ဖြစ်ထရှိနေကြပါသည်။
တချို့ဆိုင်ကယ်စီးလူငယ်များသည် သူတို့ကိုယ်သူတို့ စတန့်မင်းသားများ အလား လမ်းသလားနေကြသည်။ အိတ် ဇောပိုက်များကို မီတာကုန်ဖွင့်ကာ ပတ် ဝန်းကျင်ကို ဂရုမစိုက်ကြဘဲ မိုက်ရိုင်းစော် ကားမောင်းနှင်သွားလာနေကြရင်းက ယာဉ်မျိုးစုံကို နည်းမျိုးစုံနှင့် တိုက်မိကြ ကာ မိုက်ဇာတ်သိမ်းကုန်ကြသည်။
ဆိုင်ကယ်စီးလူငယ်များ သေဆုံးရ ခြင်း၏ အကြောင်းရင်းထဲတွင် ဆင်ခြင် ဥာဏ်ရင့်သန်မှုမရှိခြင်းနှင့် အသိ၊ သတိ များကင်းမဲ့မှုများကြောင့် သေဆုံးကြရ သည့် ဖြစ်ရပ်များရှိနေခဲ့ရာ လမ်းမြောင်၊ လမ်းကြား၊ ရွာလမ်း၊ မမြင်ကွယ်ရာ လမ်းလေးများထဲမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လုံးဝမသိကြဘဲ လမ်းမကြီးပေါ်သို့ တစ်ဟုန်ထိုး အရှိန် ပြင်းစွာ ရုတ်တရက်မောင်းတက်လာကြ သော ဆိုင်ကယ်စီးသူမှန်သမျှ သေကျေ ဒဏ်ရာရ ဒုက္ခိတဖြစ်ကုန်ကြလေ့ရှိသည့် ဖြစ်ရပ်လည်း အပါအဝင်ဖြစ်ပါသည်။
တခြားသော ယာဉ်များကို မခန့် လေးစား၊ မထီမဲ့မြင်သဏ္ဌာန်များဖြင့် မောင်းနှင်နေကြသော လူငယ်လူရွယ် ဆိုင်ကယ်စီးသူများလည်းရှိနေကြပါသည်။
ကားလမ်းမကြီးဘေးရှိ ကားများနှင့် လွတ်ကင်းသော ဘေးကပ်လမ်းများမှ စီးနင်း၍ သွားလာနိုင်ကြသော်လည်း ကားလမ်းမကြီးပေါ်တက်၍ ဆိုင်ကယ် ချင်းရင်ပေါင်တန်းစီးနင်းနေကြခြင်းသည် သေမင်းကိုစိန်ခေါ်နေကြသည်နှင့်မခြား ပေ။ စိတ်ရှည်သောကားမောင်းသူနှင့် တွေ့လျှင် အန္တရာယ်မှကင်းလွတ်နိုင်သော် လည်း စိတ်တိုထွေပြား၊ ဗျာများလာ သော ယာဉ်မောင်းသူနှင့်တွေ့လျှင် ကား နှင့်ချိတ်ပါသွားပြီး သေကျေဒဏ်ရာရ သွားကြမည်မှာ သေချာလှပါသည်။
လူငယ်များမဟုတ်ကြဘဲ လူရွယ်များ သည်ပင်လျှင် ကားလမ်းမကြီးပေါ်တွင် မထီမဲ့မြင် ဆိုင်ကယ်ကိုစီးနင်းနေကြစဉ် ကျွန်တော်တို့စီးလာသောကားက လမ်း ဘေးသို့ချ၊ ဖယ်ရှားရှောင်တိမ်းပေးရန် ကားဟွန်းသံဆူညံစွာပေးနေသော်လည်း မထုံတက်သေး ရှောင်မပေးဘဲ ကား တိုက်ခံရပြီး သေကြောင်းကြံနေဟန် ပေါ် လွင်နေသဖြင့် ယာဉ်မောင်းက အမြင်ကတ် ပြီး ကားနောက်ပိုင်းဖြင့် ယမ်းချခဲ့ပါ သည်။ သေသည်ရှင်သည်ကို မသိရသော် လည်း စည်းကမ်းမဲ့လွန်းသော ဆိုင်ကယ် သမားကို မသနားကြသည့်အပြင် ရွံမုန်း အော့နှလုံးနာစရာဆိုင်ကယ်သမားအဖြစ် ကျိန်စာများပင် တိုက်နေခဲ့ကြပါသည်။
ကိုယ့်ကိုယ်ကိုယ် ဆိုင်ကယ်စီးကျွမ်း ကျင်လှပါသည်ဟု အထင်ကြီးနေကြ သော ဆိုင်ကယ်စီးလမ်းသရဲများ၊ အုပ် စုဖွဲ့ရမ်းကားနေကြသူများ၊ သင်ခန်းစာ ရယူသင့်သည့်ဖြစ်ရပ်အချို့ကို တင်ပြလို ပါသည်။ ကျွန်တော်စာပေဟောပြောပွဲ ခရီးလှည့်လည် သွားလာခဲ့ရင်းက ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ပုတီးကုန်းမြို့ နယ်ထဲမှ ကျွန်တော့်သူငယ်ချင်း မောင်စိန် ဝင်း(ပုတီးကုန်း)၏ဇာတိရွာဖြစ်သော မယ်ဇလီကိုင်းကျေးရွာသို့ ရောက်ရှိခဲ့ပါ သည်။ ထိုရွာမှအပြန်တွင် လမ်းဘေးမှာ ''သင်ဆိုင်ကယ်အစီးကျွမ်းကျင်သလို သူလည်းကားမောင်းကျွမ်းကျင်တာကို သတိထားပါ''ဟူသော ကြေညာစာတန်း လေးဖြင့် ဆိုင်ကယ်စီးရမ်းကားနေကြသူ များ၊ တတ်ယောင်ကား၊ လူ့ငြ<ွကားများ ကို သတိပေးထားရာ ကျွန်တော့်ခံယူချက် နှင့် ကိုက်ညီနေသောကြောင့် အလွန်ပင် သဘောကျသွားခဲ့ပါသည်။
ကျွန်တော်သဘောကျရခြင်းအကြောင်း ရင်းကလည်းရှိနေခဲ့ပါသည်။ ကျွန်တော် ငယ်စဉ်ကျောင်းသားဘဝက နယ်မြို့နယ် တစ်မြို့နယ်တွင် စက်ဘီးစီးကျွမ်းကျင်သူ တစ်ဦးရှိခဲ့ပါသည်။ စက်ဘီးလက်ကိုင် နှစ်ဖက်ကို မကိုင်ဘဲ လက်လွှတ်စီးပြ လေ့ရှိသည့်အပြင် လက်လွှတ်စီးနေရင်း က ငါးပြားစေ့၊ ဆယ်ပြားစေ့၊ မတ်စေ့၊ ငါးမူးစေ့စသော အြေ<ွကစေ့များကို လက် နှစ်ဖက်ဖြင့်ရေတွက်ပြရင်း စက်ဘီးကို ဟန်ချက်မပျက် စီးပြလေ့ရှိရာ ကျွမ်းဘား သမားအလားပင်။ သူ့ရှေ့မှ ကားကနှေး နေလျှင် သူကကားကိုကျော်တက်သွား ပြီး ယာဉ်မောင်းကို လက်ပြဟားတိုက်၊ သရော် လှောင်ပြောင်လေ့ ရှိခဲ့ပါသည်။ တစ်နေ့မှာတော့ ယာဉ်မောင်းနှင်သူများ ထဲမှသူ့ကိုမျက်စိနောက်နေသူတစ်ယောက် က သူ့ကားနောက်မှကပ်၍ လိုက်ပါလာ သော စက်ဘီးကျွမ်းကျင်သူအား သူ့ ကားကိုကျော်တက်ရန် အချက်ပြပြီး စက်ဘီးစီးသူ၊ ကားကိုကျော်အတက်မှာ ကားနောက်မြှီးပိုင်းဖြင့် ပညာသားပါပါ ရိုက်ချလိုက်လေရာ စက်ဘီးစီးကျွမ်း ကျင်သူခမျာ ကတ္တရာလမ်းပေါ် လဲအကျ ဦးခေါင်းနှင့်ဆောင့်မိပြီး သေဆုံးသွားခဲ့ ရပါသည်။ စက်ဘီးသမား ပုံပြင်အဖြစ် ပြောစမှတ်ဖြစ်နေဆဲပါ။