images
UN
UN
ဘင်္ဂါလီ ငါးသောင်း၏ အမည်စာရင်းများအား စိစစ်ပေးရန် မြန်မာအစိုးရထံ ပေးပို့ထားဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြောကြား
NG Wednesday, 16 October 2019
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးအက်ဘ်ဒယ်မိုမန်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံအတွင်းသို့ ရောက် ရှိနေသော ဘင်္ဂါလီ ၅ဝဝဝဝ ၏ အမည်စာရင်းအား မြန်မာအစိုးရ ထံသို့ ပေးပို့ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးလာသူ များ ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုပေးရန် အဆိုပြုထား ကြောင်း ပြောသည်။
အက်ဘ်ဒယ်မိုမန်က 'နိုင်ငံ ထဲမှာရှိနေတဲ့ဘင်္ဂါလီတွေကို ပြန် လည်လွှဲပြောင်းရေးလုပ်ငန်းစဉ် တွေနဲ့အတူ မြန်မာနိုင်ငံဘက်ကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်ဖို့အ တွက် ကြိုးစားနေပါတယ်'ဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏အရှေ့တောင် အာရှဆိုင်ရာဌာနခွဲဒါရိုက်တာဒယ် ဝါဟူစိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီးဦးလွင်ဦး လက်ဝယ်သို့ ဘင်္ဂါလီ ၅ဝဝဝဝ ၏အမည်စာရင်းများအားပေးအပ် ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ထွက် ပြေးလာသူများ ဟုတ် မဟုတ်ဆို သည်ကို စိစစ်ပေးရန် တောင်းဆို ထားပြီးဖြစ်ကြောင်း ပြောသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ရောက် ရှိနေသောဘင်္ဂါလီများအား ရခိုင် ပြည်နယ်အတွင်းသို့ ပြန်လည်ပို့ ဆောင်ရန်အတွက် မြန်မာ၊တရုတ် နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှတာဝန် ရှိသူများပါဝင်သောလုပ်ငန်းကော် မတီ၏ပထမဆုံးအစည်းအဝေး အား အမြန်ဆုံးကျင်းပနိုင်ရန်စီစဉ် နေကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ အတည်ပြုခဲ့သည်။