images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲသို့တက်ရောက်
Wednesday, 16 October 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပေါက်တိုင်းကျေးရွာတွင်ကျင်းပသော လူငယ်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် တက်ရောက် လာကြသူများက သိရှိလိုသည်များကိုမေးမြန်းရာ လူငယ်ရေးရာတာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ ပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင် တို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးÓဏ်လင်း၊ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် မွန်းလွဲ ၁နာရီက မြန်အောင်မြို့ဘိုးဘွားရိပ်သာခန်းမတွင် မြန်အောင်မြို့ရှိ မြို့မိ မြို့ဖများနှင့်တွေ့ဆုံခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်အောင်ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးသန်းဆွေက ဘိုးဘွားရိပ်သာအခြေအနေများရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖဦးမောင်ထွန်းက အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော မြို့မိမြို့ဖများက သိရှိလိုသည်များအား မေးမြန်းခဲ့မှုများကို ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က နိုင်ငံတကာရေးရာနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ကလေးသူငယ်မွေးစားခြင်းနှင့် ၅၉(စ)နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဘိုးဘွားရိပ်သာဥက္ကဋ္ဌထံ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က အလှူငွေကျပ် ၁၅ သိန်း လှူဒါန်းခဲ့ပြီး အဘိုး ၁ဝ ဦး အဘွား ၂၄ဦးတို့ကို လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြသည်။