images
UN
UN
ကလေးညစ်ညမ်းဝက်ဘ်ဆိုက်ကိုစုံစမ်းစစ်ဆေးပြီး ကမ္ဘာတစ်ဝန်းရာပေါင်းများစွာသောလူများကို ဖမ်းဆီး
KK (IR) Thursday, 17 October 2019
ကလေးညစ်ညမ်းပုံများဖော် ပြပြီး အမြင်မသင့်လျော်သော ဗီဒီယိုများကို ဒီဂျစ်တယ်ငွေသား ဖြင့် ရောင်းချနေသော တောင်ကို ရီးယားအခြေစိုက် Dark အမည်ရှိ ဝက်ဘ်ဆိုက်ကို စစ်ဆေးပြီးနောက် တစ်ကမ္ဘာလုံးရှိ လူပေါင်းတစ်ရာ ကျော်ကိုဖမ်းဆီးခဲ့သည်ဟု ဥပဒေ အာဏာသက် ရောက်မှုရှိရေးအရာ ရှိများက ယမန်နေ့က ပြောကြားခဲ့ သည်ဟု သိရသည်။
ယင်းဝက်ဘ်ဆိုက်သည် ကလေး ညစ်ညမ်းပုံများဖော်ပြသည့် အကြီး မားဆုံးသော ကွန်ရက်ကြီးဖြစ် ကြောင်း အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီးယားမှ အရာရှိများက ဖော်ပြခဲ့သည်။ ယင်းဝက်ဘ်ဆိုက် ရှိ Welcome to Video တွင် ကလေးသူငယ် လိင်မှုအကြမ်းဖက် ခံရခြင်းကိုဖော်ပြသော ဗီဒီယိုပေါင်း ၂၅ဝဝဝဝကို ဝင် ရောက်ကြည့်ရှုခွင့် ရရန် အွန်လိုင်းမှ ဒီဂျစ်တယ်ငွေလဲ လှယ်မှုလုပ်သည့်စနစ်ကို အသုံးပြု ခဲ့ရောင်းချခဲ့သည်ဟု အာဏာပိုင် များကပြောသည်။
Darknet ဝက်ဘ်ဆိုက်များ သည် ကလေးသူငယ်များကို လိင် ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများမှ အကျိုးအမြတ်များရယူသည့် ဝက်ဘ် ဆိုက်များတွင် အဆိုးရွားဆုံးနှင့် ရှုတ်ချဖွယ်အကောင်းဆုံး ဝက်ဘ် ဆိုက်များဖြစ်ကြောင်း အမေရိကန် လက်ထောက်ရှေ့နေချုပ်ဘရိုင်ရန် အေ ဘန်ကောစကီက ပြောကြားခဲ့ သည်။ Welcome to Video အော် ပရေတာကိုရီးယားအမည် ဂျွန်ဝူး ဆွန်နှင့်မတူညီသော နိုင်ငံပေါင်း ၁၂ နိုင်ငံမှ အသုံးပြုသူ ၃၃၇ ဦးကို တရားစွဲဆိုထားကြောင်း အာဏာ ပိုင်များကပြောကြားခဲ့သည်။ ယင်း ဝက်ဘ်ဆိုက်အသုံးပြုသူများ၏ မတရားလုပ်ဆောင်မှုကို ခံစားခဲ့ရ သည့် အမေရိကန်၊ ဗြိတိန်နှင့် စပိန်တို့ရှိ အရွယ်မရောက်သေးသူ အနည်းဆုံး ၂၃ ဦးကို ကယ်ဆယ် နိုင်ခဲ့သည်ဟု အရာရှိများကပြော ကြားခဲ့သည်ဟု သိရသည်။
Ref: Reuters