images
UN
UN
ရွှေလှံပျံချောင်းရေကျော် ကွန်ကရစ်လမ်း ချောင်းရေတိုက်စားမှုကြောင့် ယာဉ်များဖြတ်သန်းသွားမရသည့်အတွက် ပြုပြင်ပေးရန်လိုအပ်နေ
Thursday, 17 October 2019
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အမှတ်(၂)ဈေးကုန်းရပ်နှင့် အမှတ် (၄) သိမ်တော်ရပ်ကွက်တို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ရွှေလှံပျံချောင်း ရေကျော်ကွန် ကရစ်လမ်းသည် ယခုလ ၇ရက် မွန်းလွဲပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့်ပေ၁၅ဝ ပတ်လည်ခန့် ပျက်စီးသွားခဲ့ကြောင်းသိရသည်။
အဆိုပါ ရွှေလှံပျံချောင်း ရေ ကျော်ကွန်ကရစ်လမ်းသည် ငါ့သ ရောက်မြို့ ရပ်ကွက်သုံးရပ်ကွက် နှင့်အမှတ်(၄)သိမ်တော်ရပ်ကွက် သွားရာ လမ်းတစ်လမ်းသာရှိပြီး ထိုချောင်းရေကျော် ကွန်ကရစ် လမ်းသည် ယခုလ ၇ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကျော်ကွန် ကရစ်လမ်း ချောင်းရေတိုက်စား ကာ ရေနှင့်မျောပါပျက်စီးသွားခဲ့ ကြောင်း အမှတ်(၂)ရပ်ကွက်အုပ် ချုပ်ရေမှူး ဦးလှမြင့်မောင်က ပြောသည်။
အဆိုပါ ရေကျော်ကွန်ကရစ် လမ်းပျက်စီးသွားခြင်းကြောင့် အမှတ်(၄)သိမ်တော်ရပ်မှချောင်း တစ်ဖက်ရှိ ငါ့သရောက်အခြေခံ ပညာအထက်တန်းကျောင်းသို့ တက်ရောက်နေသည့် ကျောင်း သားကျောင်းသူများ စက်ဘီးစီး မရခြင်း၊ ဆိုင်ကယ်ဖြင့် ကျောင်း လိုက်ပို့၍မရခြင်းနှင့်ဈေးကားများ ခရီးဝေးသည့်ဘက်မှပတ်မောင်း သွားရခြင်းများကြောင့်သက်ဆိုင် ရာတာဝန်ရှိသည့်ဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ အဆိုပါချောင်းသည် သဲအလွန် ထူထပ်ခြင်းနှင့် ချောင်းရေနှင့် အတူကွန်ကရစ်လမ်း ပေ ၁၅ဝ ပတ်လည်ခန့်ပျက်စီးသွားကြောင်း သိရသည်။
ဒေသခံများ