images
UN
UN
ဆာလက်နှင့်ဆက်ဆံရေးကို လီဗာပူးကွင်းလယ်လူ မာနေးဖွင့်ဟ
Thursday, 17 October 2019
လီဗာပူးကွင်းလယ်လူမာနေးက ပြီးခဲ့သောသြဂုတ်လတွင် ဆာလက် နှင့် ပြဿနာဖြစ်ခဲ့ပြီးနောက် ၄င်းအပေါ်ဆာလက်၏ဆက်ဆံမှုများမှာ ပြောင်းလဲသွားခဲ့ကြောင်း ဖွင့်ဟလိုက်သည်။ ဘန်လေနှင့်ကစားခဲ့သော ပွဲတွင် ၄င်းဆီသို့ဘောလုံးပေးပို့ခြင်းမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ ကန်သွင်းခဲ့သော ဆာလက်ကို မာနေးက ဒေါသထွက်ခဲ့ပြီးနောက် ၄င်းတို့ နှစ်ဦး၏ဆက်ဆံရေးမှာ မီဒီယာများ၏စောင့်ကြည့်ခံအနေအထားသို့ ရောက်ရှိလာသည်။ အဆိုပါကိစ္စအတွက် ကလော့ပ်က ၄င်း၏ရုံးခန်းသို့ခေါ် ကာ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း မာနေးကဖွင့်ဟခဲ့ပြီး နောက်ပိုင်းကာလ များတွင် ဆာလက်နှင့်ဆက်ဆံရေးမှာ အနည်းငယ်ထူးခြားသွားခဲ့သော် လည်း ပြဿနာမရှိဟုပြောကြားခဲ့သည်။ Ref ;Dailymail