images
UN
UN
ရလဒ်ဆိုးများအတွက် ဓားစာခံဖြစ်နေရကြောင်း အိုဇေးလ်ပြောကြား
Thursday, 17 October 2019
အာဆင်နယ်ကွင်းလယ်ကစား သမား အိုဇေးလ်က အသင်း၏ ရလဒ်ဆိုးများအတွက် မိမိကို လက် ညှိုးထိုးအပြစ်တင်နေကြကြောင်း ပြောကြားလိုက်သည်။ အာဆင် နယ်တွင် လစာအများဆုံးရရှိနေ သော အိုဇေးလ်သည် ယခုရာသီ တွင် နည်းပြအမ်မရီ၏နှစ်သက် ခြင်းကိုမခံရဘဲ ပွဲထွက်ခွင့်နှစ်ပွဲသာ ရရှိထားသူဖြစ်သည်။
ပြီးခဲ့သည့်နှစ်အနည်းငယ်မှ စကာ အိုဇေးလ်၏စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်မှုများရှိခဲ့ပြီး ပွဲကြီးများတွင် ခြေစွမ်းမပြနိုင်ခြင်း အပေါ် ဝေဖန်မှုများလည်းရှိခဲ့သည်။ အိုဇေးလ်က ''တကယ်လို့ အသင်း ကြီးအချင်းချင်းတွေ့တဲ့ပွဲတွေမှာ ကျွန်တော်တို့ ရလဒ်ဆိုးပြီဆိုတာနဲ့ ကျွန်တော့်ရဲ့အမှားဖြစ်သွားတော့ တာပဲ။ အသင်းမှာ ကျွန်တော်က တစ်ယောက်တည်း ကစားနေရတဲ့ သူမဟုတ်ပါဘူး။ နောက်ပြီး ကျွန် တော်တို့ရဲ့ပြိုင်ဘက်တွေကလည်း ပိုပြီးကောင်းနေတယ်ဆိုတာကို ရှင်း ရှင်းလင်းလင်း သိနိုင်ကြပေမယ့် ကျွန်တော့်ကိုပဲ အပြစ်တင်ကြပါ တယ်။ နောက်ဆုံး ကျွန်တော် ကစားခွင့်မရဘူး ဆိုရင်တောင် ကျွန်တော့်အပြစ်ပါပဲ''ဟု ပြော ကြားခဲ့သည်။ ထို့အပြင် အိုဇေးလ် က တူရကီသမ္မတနှင့် ဓာတ်ပုံတွဲ ရိုက်ခဲ့ခြင်းကိုလည်း ကာကွယ် ပြောကြားခဲ့သည်။ အိုဇေးလ်သည် ဂျာမနီလက်ရွေးစင်ဖြစ်ခဲ့သော်လည်း တူရကီနွယ်ဖွားဖြစ်သည်။ ဂျာမနီ ဘက်မှ နိုင်ငံရေးတာဝန်ရှိသူများ က မိမိနှင့်ဓာတ်ပုံတွဲရိုက်ရန် ဆန္ဒရှိ ပါကလည်း အဆင်သင့်ရှိနေမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ သည်။ Ref ;Dailymail