images
UN
UN
အချိန်တန် အိမ်ပြန်ရောက်ကြပါစေ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Saturday, 19 October 2019
''ဟာ...သူငယ်ချင်း၊ မင်းလာတာ နဲ့အတော်ပဲ။ မင်းကို ငါပြောပြစရာရှိလို့''
''ဘာလဲ...မင်းသတင်းမီဒီယာ ကောင်စီတာဝန်အရ ကချင်ပြည်နယ် အစိုးရနဲ့ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ အကြောင်း ပြောပြမှာမဟုတ်လား။ ငါ စိတ်ဝင်စားတယ်ကွာ ပြောပြစမ်းပါ''
''မင်းက မင်းထင်တာ စွတ်ပြောနေ တာကိုး။ ငါပြောပြမယ်ဆိုတာက မင်းတို့ ငါတို့အတွက် အသက်အန္တရာယ်ဘေးက လွတ်ကင်းရေးအကြောင်း ပြောချင်တာ ကွ''
''ကဲ...ဘာများလဲကွာ။ ပြောပြစမ်း ပါဦး''
''ရန်ကုန်မြို့မှာ ကားတွေက ပြည့် ကျပ်လာသလို ယာဉ်အန္တရာယ်ကလည်း တစ်နေ့တခြားများပြားလာတယ်ကွ။ လိုင်းကားအထွက်မှာ ကားကြိတ်ခံရလို့ သေဆုံးကြရတာတွေ၊ လမ်းဖြတ်ကူးရင်း ကားတိုက်ခံရလို့ သေဆုံးကြရတာတွေ၊ ကားဘရိတ်ပေါက်လို့ ကားမှောက်လို့ သေကျေဒဏ်ရာရ ဒုက္ခိတဖြစ်ကြရတာ တွေ စုံနေတာပဲကွာ''
''ဒါများ ဘာထူးဆန်းလို့လဲကွာ''
''ထူးဆန်းတာတွေရှိတယ်ကွ။ ခါး တောင်းကျိုက်ပြီး ကားရှေ့ဝမ်းလျား မှောက်၊ ကားကြိတ်ခံသေဆုံးတာမျိုး၊ တချို့ဆိုရင် အိမ်ကပျောက်သွားတယ်။ ကားတိုက်ခံရလို့ သေဆုံးတာမသိတော့ ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခဲ့ရတာ တွေလည်း ရှိခဲ့တယ်ကွ''
''မင်းက မှုခင်းအယ်ဒီတာဆိုတော့ တခြားသူတွေထက် ပိုသိနေမှာပေါ့ကွာ''
''သိသင့်သလောက်တော့သိပါတယ်။ စကားစပ်မိလို့ ငါအမှတ်တရဖြစ်နေတာ လေးကို ပြောပြရဦးမယ်...
''မှုခင်းသတင်းအဖြစ်ဖော်ပြခဲ့တာ တော့ မဟုတ်ဘူးကွ။ မြန်မာ့အလင်း သတင်းစာမှာပါတဲ့ နာရေးသတင်းအရ သိလိုက်ရတဲ့ဖြစ်ရပ်ကွ''
''ဟုတ်လား၊ ဘယ်လိုဖြစ်ရပ်မျိုးလဲ ကွ''
''ဒီလိုကွာ သေဆုံးသူဟာ ၂ဝ-၇-ဝ၈ရက်နေ့မှာ အလှူလုပ်မယ့်သူ့မိတ်ဆွေ အိမ်မှာ ကူညီဖို့ ၁၉-၇-ဝ၈ရက်နေ့ နံနက် မှာ နေအိမ်ကထွက်သွားတာတဲ့။ ဒါပေမဲ့ အဲဒီနေ့မှာလည်း အိမ်ကိုပြန်ရောက်မလာ သလို (၂ဝ-၇-ဝ၈)ရက်နေ့မှာလည်း ပြန်ရောက်မလာဘူးတဲ့။ ဒါကြောင့် မိသားစု က အလှူလုပ်တဲ့အိမ်ကို လာမေးကြည့် တော့ (၁၉-၇-ဝ၈) ရက်နေ့ ညနေက တည်းက ပြန်သွားတာတဲ့။ ပြန်ခါနီးမှာ မိတ်ဆွေတွေကိုလည်း လှည့်ဖိတ်ကြား ပေးမယ်လို့ ပြောသွားတယ်တဲ့...
''ဒီတော့မှ မိသားစုက စိတ်ပူပြီး ရဲစခန်းတွေမှာ လူပျောက်အမှုဖွင့်၊ နောက် ဆုံးတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရှိတဲ့ ၅၁ လမ်းမှာသွားပြီး စုံစမ်းကြည့်ကြတယ်။ တာဝန်ရှိသူတွေကလည်း ကူညီကြပါ တယ်။ (၁၉-၇-ဝ၈)ရက်နေ့မှာ ကား တိုက်မှုကြောင့် လူသုံးယောက်သေဆုံးခဲ့ တဲ့အကြောင်း၊ နှစ်ယောက်ကတော့ ပိုင် ရှင်ပေါ်ပြီး တစ်ယောက်ကတော့ ပိုင်ရှင် မပေါ်သေးကြောင်း ပြောပြတယ်တဲ့။ ဒါ ကြောင့် ရေခဲတိုက်မှာ သွားကြည့်တော့ သူတို့ရှာနေတဲ့ ဦး....ဖြစ်နေတယ်တဲ့ ကွာ...

''ရဲအရာရှိက ရှင်းပြတာက သေဆုံး သူ ဦး...ဟာ အိမ်ပြန်ဖို့ကားပေါ်အတက် မှာ သူ့အရှေ့က သားအမိနှစ်ယောက်က ခံနေတယ်တဲ့။ စပယ်ယာက သားအမိ နှစ်ယောက်ကို ကားပေါ်ကိုဆွဲတင်အပြီး မှာ ဦး...က ဆက်တက်ဖို့ ဟန်ပြင်နေ တုန်းမှာ နောက်ကားက ဘရိတ်ပေါက် ပြီး ဝင်တိုက်လိုက်တယ်တဲ့။ နောက် ကားတိုက်လိုက်တဲ့အရှိန်ကြောင့် ဦး... ဟာ ပလက်ဖောင်းပေါ်ကို နောက်ပြန် ကျသွားတာတဲ့။ ကားသမားကလည်း ဆေးရုံကို အမြန်မောင်းပို့တာပဲတဲ့။ ဒါပေ မဲ့ ဦး...ခမျာ သေသွားရရှာတယ်ကွာ...
''ကားသမားကလည်း အဖမ်းခံခဲ့ တယ်တဲ့။ ငါပြောချင်တာက မိသားစု ကိုယ်စား စာနာစိတ်နဲ့ သနားလည်း သနားမိတယ်။ ကိုယ့်မိသားစုလို ကိုယ် ချင်းစာပြီး ခံစားလိုက်ရတယ်ကွ။ သေ သူရဲ့သမီးလေးနဲ့ငါ့သားအငယ်ကတစ်ဌာန တည်းကွာ။ ငါ့သားက အဲဒီအကြောင်း ပြောပြတော့ ရင်ထဲဆို့သွားတာပဲကွာ''
''မင်းစဉ်းစားကြည့်လေ အကယ်၍ များ မိသားစုကမသိရင် ပိုင်ရှင်မဲ့သင်္ဂြိုဟ် ပစ်ကြမှာကွ။ အခုတော့မိသားစုသိလို့ တော်သေးတာပေါ့ကွာ။ အဲဒီလိုဖြစ်ရပ်မျိုး တွေ ဘယ်လောက်များရှိနေပြီလဲဆိုတာ စဉ်းစားစရာပဲကွ''
''စဉ်းစားစရာဆိုတာ အကြောင်းမဲ့ ပြောတာမဟုတ်ဘူးကွ. ငါစမ်းချောင်း မှာနေခဲ့စဉ်က လူပျိုကြီးတစ်ယောက်ဟာ ပျောက်သွားတာ ဒီနေ့အထိရှာမတွေ့ တော့ဘူး။ ကားတိုက်လို့သေပြီး ပိုင်ရှင် မဲ့သင်္ဂြိုဟ်လိုက်ပြီလို့ သူ့မိသားစုကထင် ထားကြတယ်ကွ။ နယ်ကတက်လာတဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးလည်း အဲဒီလို ပဲဖြစ်ခဲ့တယ်ကွ''
''အင်း...မင်းစကားကြားရတာ ဦး ...နဲ့ သူရဲ့မိသားစုကိုငါလည်းသနားမိ ပါရဲ့ကွာ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက အကြိမ်ကြိမ် အလီလီအခါခါအတန်တန် အဖန်တလဲ လဲ အမြဲသတိပေးနေတဲ့ကြားထဲက ကား သမားတွေကလည်း ဆင်ခြင်မှုလျော့နည်း နေတာတော့ လွန်လွန်းတာပေါ့ကွာ။ ဒါ ဟာ ယာဉ်မတော်တဆ ထိခိုက်သေဆုံးမှု လို့ခေါ်ရမှာပေါ့''
''ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးစာတမ်း ဖတ်ပွဲကို ၂ဝဝ၆ခုနှစ် အောက်တိုဘာလ ၂၅ရက်ကနေ ၂၆ရက်နေ့အထိ ရန်ကုန်၊ ပြည်လမ်း အပြည်ပြည်ဆိုင်ရာစီးပွားရေး ဗဟိုဌာနမှာကျင်းပခဲ့တယ်ကွ။ ဖတ်ကြား တဲ့စာတမ်း ၁၄စောင်ထဲမှာ ကျန်းမာရေး ဦးစီးဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ကျော်မြင့်နိုင်တင်သွင်းတဲ့ 'ယာဉ်မတော် တဆထိခိုက်သေဆုံးမှုစာရင်းဇယား မှန်ကန်စွာရရှိရေးနှင့်သုတေသနစာတမ်း' ပါတယ်ကွ''
''အဲဒီစာတမ်းထဲမှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က တစ်ကမ္ဘာလုံးအတိုင်းအတာ အရ ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူပေါင်း ၁ ဒသမ ၂ သန်းသေဆုံးပြီး သန်းပေါင်း ၅ဝခန့် ဒဏ်ရာရနေကြောင်း၊
၂ဝဝဝပြည့်နှစ်ကနေ၂ဝ၂ဝပြည့်နှစ်အတွင်း ယာဉ်မတော်တဆထိခိုက်သေဆုံးမှုဟာ ၆၅ရာခိုင်နှုန်းပိုမိုကြီးထွားလာပြီး လူဦး ရေတစ်သိန်းမှာ ၁၉ယောက်ယာဉ်ကြောင့် ထိခိုက်သေဆုံးနိုင်တဲ့အန္တရာယ်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာကြောင့် နေ့စဉ်လူပေါင်း ၁၆ဝဝဝသေဆုံးနေတဲ့အထဲမှာ ယာဉ် မတော်တဆမှုကြောင့် တစ်နေ့မှာ ၃ဝဝဝ ခန့်သေဆုံးနေကြောင်း၊ ကမ္ဘာပေါ်မှာ သေဆုံးမှုအများဆုံးရောဂါ ၁ဝမျိုးကို နှိုင်းယှဉ်ကြည့်ရင် ၁၉၉၉ခုနှစ်က အမှတ် စဉ်(၉)မှာရှိခဲ့တဲ့ယာဉ်မတော်တဆထိခိုက် သေဆုံးမှုဟာ၂ဝ၂ဝပြည့်နှစ်မှာ အမှတ်စဉ် (၃)ကိုရောက်လာမယ်လို့ ခန့်မှန်းထား ကြောင်း သုတေသနပြုထုတ်ပြန်ပေးထား တယ်လို့ ဖော်ပြထားတယ်ကွ''
''ဒါကတစ်ကမ္ဘာလုံးမှာဖြစ်တာ နော်။ တို့နိုင်ငံအနေနဲ့ သုတေသနပြုချက် ကတော့ ၂ဝဝ၅ခုနှစ်မှာ ယာဉ်ကြောင့် သေဆုံးရသူ ၁၃ဝ၈ဦးရှိခဲ့တယ်တဲ့။ ပြည် နယ်နဲ့တိုင်းအဆင့်အလိုက် ယာဉ်တိုက်မှု ကို နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်တိုင်းဟာ ယာဉ်မတော်တဆမှုအများဆုံးနေရာဖြစ် ပြီး သေဆုံးဒဏ်ရာရမှုအများဆုံးကတော့ မန္တလေးတိုင်းတဲ့။ ရန်ကုန်မြို့တွင်းမှာ ယာဉ်မတော်တဆ ထိခိုက်သေဆုံးမှုဟာ ၁၉၉၉ခုနှစ်က ၂၄၇ဦး၊ ၂ဝဝဝပြည့် နှစ်မှာ ၂၆၃ ဦးရှိခဲ့ပေမယ့် ၂ဝဝ၅ခုနှစ်မှာ ၉၈ဦးရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ ကိန်းဂဏန်းတွေက တစ်နှစ်ထက်တစ်နှစ် မြင့်လာတာ၂ဝ၂ဝပြည့်နှစ်ရောက်ရင်ပိုဆိုး မှာသေချာတယ်ကွ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာဆိုရင် သေကျေ ဒဏ်ရာရသူတွေဟာ ကြောက်ခမန်းလိလိ များနေတာကွ''
''ယာဉ်မတော်တဆထိခိုက်မှုဖြစ်ရ ခြင်းရဲ့အကြောင်းရင်းကတော့-
(၁) မဆင်မခြင်မောင်းနှင်ခြင်း၊
(၂) လမ်းကူးသူပေါ့ဆခြင်း
(၃) အရှိန်ပြင်းမောင်းနှင်ခြင်း၊
(၄) ယာဉ်မောင်းလိုင်စင်မရှိခြင်း၊
(၅) ခရီးသည်ပေါ့ဆခြင်း၊
(၆) အနှေးယာဉ်ကြောင့်ဖြစ်ပွား ခြင်း၊
(၇) အရက်သေစာသောက်စား မောင်း နှင်ခြင်း၊
(၈) စက်ကိရိယာချွတ်ယွင်းခြင်း၊
(၉) ရာသီဥတုကြောင့် ဖြစ်ပွားရခြင်း၊
(၁ဝ) ယာဉ်မောင်းမကျွမ်းကျင်ခြင်း... ဆိုပြီး ၁ဝ ချက်ရှိတယ်လို့ သုတေသနပြု ထားတယ်ကွ။ အကျယ်ပြောရရင်တော့ အများကြီးပေါ့ကွာ...
''ဒီနေရာမှာ ခရီးသည်ရဲ့ပေါ့ဆမှု ကြောင့် ထိခိုက်သေဆုံးကြရသည့် အ ကြောင်းရင်းကတော့ ယာဉ်နောက်လိုက် စပယ်ယာရဲ့တားဆီးမှုကို မလိုက်နာတာ ကွ။ မီးပွိုင့်မှာ အတက်အဆင်းလုပ်ကြ တာတွေ နောက်တွယ်ဘေးတွယ်စီးနေကြ တာတွေ၊ ယာဉ်ထွက်နေတုန်း ခုန်တက် စီးကြတာတွေ၊ ယာဉ်မရပ်မီအတက်အ ဆင်းလုပ်ကြတာတွေ၊ ခရီးသည်တွေ လိုက်နာကြရမယ့် စည်းကမ်းတွေကို ချိုး ဖောက်ကြတာတွေကြောင့်ပဲကွ...
''ဦး...သေဆုံးရတာဟာ စက်ကိ ရိယာချွတ်ယွင်းတာရယ်၊ မဆင်မခြင် မောင်းနှင်တာရယ်ကြောင့် သေဆုံးရတာ ကွ။ ယာဉ်ရဲ့ကြံ့ခိုင်ရေးအပိုင်းကို ယာဉ် မောင်းက အမြဲတမ်းစစ်ဆေးနေဖို့လို တယ်ကွ။