images
UN
UN
ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
ဆန်းတင့်(ရေကြည်) Monday, 21 October 2019
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ရေကြည်မြို့ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ နံနက် ၁ဝနာရီက မြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံပြီး အစည်းအဝေး ကျင်းပ ခဲ့သည်။
အစည်းအဝေးကျင်းပရာတွင် ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်သန်းက မိမိတို့မြို့နယ်တွင် ယခုလ ၁၈ရက်က ပါတီ ဥက္ကဋ္ဌကြီးဦးသန်းဌေးနှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲလုပ် ငန်းစဉ်များအား ပြန်လည်သုံးသပ်ခြင်း၊ ရေကြည်မြို့နယ်မှဗပဆများ အား တိုင်းတွေ့ဆုံပွဲ တက်ရောက်ရန်စီစဉ်ဆောင်ရွက်ခြင်း၊ ပါတီအောင် နိုင်ရေးအတွက် ဗဟိုနှင့်တိုင်းမှချမှတ်ပေးသော လုပ်ငန်းစီမံချက်များ အမြန်အကောင်အထည်ဖော်ရန် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခြင်း၊ ယခု လ ၂၃ရက်တွင် မြို့နယ်ပါတီနာယက ဦးမောင်မောင်တင်၏ ကထိန် အလှူပွဲ၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပဒေသာပင်တစ်ခု၊ မြို့နယ် ပါတီကော်မတီဝင် ဦးအောင်သက်ဦးက ပဒေသာပင်တစ်ခု ပါဝင်လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။