images
UN
UN
ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်မည်
အေးချမ်းပိုပို Monday, 21 October 2019
ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးသင်တန်းဖွင့်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ ယနေ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသင်တန်းဖွင့်လှစ်ရခြင်းရည် ရွယ်ချက်မှာဓာတုဗေဒနှင့် ဆက်စပ် ပစ္စည်းများ အသုံးပြုလုပ်ဆောင်နေ သည့် လုပ်ငန်းခွင်များတွင် ဓာတု ဗေဒအန္တရာယ်များ မဖြစ်ပေါ်စေ ရေးအတွက် စနစ်တကျစီမံ လုပ် ဆောင်သွားရမည့် နည်းလမ်းများ ကို ပြည့်စုံစွာ နားလည်သိရှိပြီး လက်တွေ့ကျင့်သုံးလိုက်နာဆောင် ရွက်ရာတွင် အထောက်အကူဖြစ် စေရန်ရည်ရွယ်ထားကြောင်း၊ သင် တန်းခေါင်းစဉ်များမှာ မြန်မာနိုင်ငံ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များဆိုင်ရာ အန္တရာယ်မှတားဆီး ကာကွယ်ရေးတည်ဆဲဥပဒေ၊နည်း ဥပဒေပြဋ္ဌာန်းချက်များ၊ ဓာတုဗေဒ ဆိုင်ရာပစ္စည်းများကို နည်းစနစ် တကျသိုလှောင်ခြင်း၊သယ်ယူခြင်း၊ စွန့်ပစ်ခြင်း၊ ဓာတုဗေဒပစ္စည်းများ ဆိုင်ရာ GHS ရုပ်ပုံအမှတ်အသား တံဆိပ်များအကြောင်း၊ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ် လုပ်ကိုင်နေသူများအားကျန်းမာရေး ဆိုင်ရာ စစ်ဆေးဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ယင်းသင်တန်းသို့ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများ အသုံးပြု သည့် စက်ရုံအလုပ်ရုံများတွင် အနီး ကပ်ကြီးကြပ် လုပ်ကိုင်နေသူများ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များကိုထိတွေ့ကိုင်တွယ်လုပ်ကိုင်နေ သူများ၊ ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများကို ထိတွေ့လုပ်ကိုင် နေသည့် ဓာတ်ခွဲခန်းတွင် လုပ် ကိုင်နေသူများ တက်ရောက် သင့် ကြောင်း၊ သင်တန်းပို့ချမည့်နေရာ မှာ UMFCCI သင်တန်းခန်းမဖြစ်ပြီး ယခုလ ၂၃ မှ ၂၄ရက်အထိ နံနက် ၁ဝနာရီမှ ညနေ ၅နာရီအထိ ဖွင့် လှစ်သွားမည်ဖြစ်ပြီးသင်တန်းကြေး မှာ EOD Member ကုမ္ပဏီများ သည် ကျပ်၂ဝဝဝဝ ဖြစ်ပြီးEOD Member ကုမ္ပဏီမဟုတ်သူများ သည် ကျပ် ၈ဝဝဝဝ ကျသင့်မည် ဖြစ်ကြောင်း တက်ရောက်လိုသူ များအနေဖြင့် ဖုန်း-01-2314344-49ext.124 အီးမေး-employerser -vices.umfcci@ gmail.com သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။