images
UN
UN
တီးတိန်မြို့ မူလတန်းကြိုကျောင်း၌ အာဟာရတိုက်ကျွေး
(ချင်းတွင်းသား) Monday, 21 October 2019

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေးငယ်များအာဟာရပြည့်ဝ စေရန်ရည်ရွယ်၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့ နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျိန်လမ်းလွန်း ဦးဆောင်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလ တန်းကြိုကျောင်းသို့ ကလေးများ အာဟာရတိုက်ကျွေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ မူလတန်းကြိုကျောင်း၌ပြုလုပ်သည်။
တီးတိန်မြို့ မူလတန်းကြို ကျောင်းသည် ကျောင်းသား ကျောင်းသူပေါင်း ၂ဝဝ ဆံ့ကျောင်း ဖြစ်ပြီး ကလေးငယ် ၂ဝဝ တက် ရောက်ကြောင်း သိရသည်။