images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင်ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံ
Monday, 21 October 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းသည် ယနေ့နံနက် ၉ နာရီခွဲက မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များအားလည်း ကောင်းတွေ့ဆုံလျက်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီအောင်နိုင်ရေးကိစ္စရပ်များ၊ နယ်မြေကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးခြင်း၊ တင်ပြချက်များကို ပြန်လည်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲများသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန်းထွန်းနှင့် ဦးသက်လင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဖေဦး နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူးဦးသန်းစိုးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဖြိုးမောင်ဇော်(မအူပင်)