images
UN
UN
သရုပ်ဆောင် ဖြူဖြူထွေး နှင့် အနုပညာရှင်များပါဝင်ကျင်းပခဲ့သည့် Happy Hour With Cele ပွဲတော်
ဒဂုံဝေလင်း Tuesday, 22 October 2019
''ရွှေပြည်နန်း'' မြန်မာ့သနပ် ခါး၏ ရွှေပြည်နန်းပြခန်းတွင်Ha-ppy Hour With Celeအထူး အစီအစဉ်နှင့်အတူ ရွှေပြည်နန်း မြန်မာ့သနပ်ခါးမှ ရွှေသားကံစမ်း မဲပေါက်သူအားရွှေသားဆုချီးမြှင့်ပွဲ ကို အောက်တိုဘာ ၂၁ရက်နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဗိုလ်ချုပ် ဈေးရှိ ဆိုင်အမှတ်(၃/၄) ၌ ကျင်းပ ခဲ့ရာ သရုပ်ဆောင်ဖြူဖြူထွေးက ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
''စစ်ကိုင်းတိုင်း ဆားတောင် မြို့နယ် တောင်ကြားရွာကပါ။ သမီးက ရွှေပြည်နန်း သနပ်ခါးကို လိမ်းလာတာကြာပါပြီ။အခုလိုးရှင်း အရည်အသစ်ထွက်လို့ စမ်းသုံး မယ်ဆိုပြီး တစ်ဘူးအစမ်းဝယ်ရင်း အဲဒီဝယ်သုံးတဲ့ဘူးထဲက ကံစမ်းမဲ ပေါက်ခဲ့တာပါ။ ပေါက်တာလည်း အိမ်ကသူတွေကအရင်သိခဲ့တာပေါ့။ တစ်ဘူးတည်းဝယ် တစ်ဘူးတည်း ပေါက်ခဲ့တာပါရှင်''ဟု ကံထူးရှင် မအိခိုင်ဇင်က ပြောသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့အချစ်တော် သရုပ်ဆောင် ဖြူဖြူထွေးက ကံထူးရှင် မအိခိုင် ဇင်အား ရွှေတစ်ကျပ်သားကို ပေး အပ်ချီးမြှင့်ခဲ့သည်။ ရွှေသားကံ စမ်းမဲအစီအစဉ်ကိုယခုနှစ် ဇန်နဝါ ရီလမှ ဒီဇင်ဘာလကုန် အထိ သတ်မှတ်ထားပြီးBody Lotionဘူးများတွင် ရွှေသားကံစမ်းမဲငါး ဆု၊ Cream ဘူးများတွင် ရွှေသား ကံစမ်းမဲငါးဆုချီးမြှင့်မည်ဖြစ် သည်။
''ရွှေပြည်နန်းက အသစ်ထုတ် တဲ့ ဘော်ဒီလိုးရှင်းနဲ့ပူတင်းကရင်မ် နှစ်ခုဆိုတဲ့ ထုတ်ကုန်သစ်နှစ်ခုရှိ တယ်။ အဲ့ထုတ်ကုန်တွေကိုသုံးစွဲ တဲ့Customerတွေကိုမေတ္တာလက် ဆောင်ပြန်ပေးတဲ့အနေနဲ့ ရွှေတစ် ကျပ်သားပါ ရွှေသားကံစမ်းမဲ ၁ဝ ဆုထည့်ထားတယ်။ အခု ပထမ ဦးဆုံးပေါက်တဲ့ကံထူးရှင်ကို ရိုးရိုး ပေးအပ်လိုက်တာမဟုတ်ဘဲနဲ့ သူ လည်းပျော်သွားအောင် Cele က တစ်ဆင့်ပေးအပ်ချီးမြှင့်တဲ့ပွဲလေး လုပ်ဖြစ်တာပါ'' ဟု ရွှေပြည်နန်း မြန်မာ့သနပ်ခါးဈေးကွက်မြှင့်တင် ရေးမန်နေဂျာ ကိုရီနိုင်က ပြောပြခဲ့ သည်။