images
UN
UN
မိတ်ဆွေကောင်းများ ဖြစ်စေချင်သည်
ခိုင်ခိုင်နွယ်(ပညာရေး) Tuesday, 22 October 2019
လူသားတို့သည် တစ်ဦးတစ်ယောက် တည်းနေ၍ မဖြစ်နိုင်သောကြောင့် လူမှု ဆက်ဆံရေးနယ်ပယ်နှင့်ကင်းကွာ၍မရပေ။ နေ့စဉ်နှင့်အမျှဖြစ်ပျက်နေသောအကြောင်း အရာမျိုးစုံ အဖုံဖုံအတွက် မိမိနှင့်ပတ် သက်ရာပတ်သက်ကြောင်း ပတ်ဝန်းကျင် လူတန်းစားအမျိုးမျိုးနှင့်ထိတွေ့ဆက်ဆံ ကြရသည်။ ထိုသို့ဆက်ဆံရာတွင် ကိုယ့် အကျိုး သူ့အကျိုးကို မျှတစွာ ကြည့် တတ်သူများရှိသလို မိမိကိုယ်ကျိုးအတ္တ ကိုသာ ရှေ့တန်းတင်ကြသူများလည်းရှိ သည်။ အတူတကွ လျှောက်လှမ်းနေကြ ရသည့် ဘဝခရီးတွင် လူမှုရေး၊ စီးပွား ရေးကိစ္စများ၌ သာတူညီမျှစိတ်ထား၍ သမာသမတ်ကျသော မိတ်ဆွေကောင်း များနှင့်ပူးပေါင်းဆောင်ရွက်ရလျှင် စိတ် ချမ်းမြေ့ကြည်နူးရ၍ အောင်မြင်မှုများရ နိုင်ပေသည်။
လူ့ဘဝသည် အခိုက်အတန့်၊ အကန့် အသတ်နှင့်သာ ပိုင်ဆိုင်ခွင့်ရသော ခဏ တာဘဝဖြစ်သည်။ လူသားတိုင်းသည် တစ်ဦးကိုတစ်ဦး မေတ္တာတရားနှင့်ဆက် ဆံတတ်ရန် အရေးကြီးပေသည်။ သူတစ် ပါး၏ပြည့်စြုံ<ွကယ်ဝမှုကို မရှုဆိတ်ခြင်း၊ သူတစ်ပါးကို ပျက်စီးစေလိုခြင်းစသည့် မစ္ဆေရစိတ်များ ကင်းစင်၍သူတစ်ပါး၏ အောင်မြင်မှု၊ ပြည့်စြုံ<ွကယ်ဝမှုမှန်သမျှကို ဝမ်းမြောက်ဝမ်းသာနှင့်မုဒိတာပွားနိုင်မှ သာ ငြိမ်းချမ်းသာယာ၍ ပျော်ရွှင်စရာ ကောင်းသော လူ့ဘောင်လောကကြီး ဖြစ် လာနိုင်ပါသည်။
လောကတွင် မိတ်ဆွေကောင်းသည် လွန်စွာအရေးကြီးပေသည်။ နိုင်ငံရေး၊ စီး ပွားရေး၊ ပညာရေး၊ လူမှုရေးစသည်တို့ တွင် မိတ်ဆွေကောင်းသည် မရှိမဖြစ်လို အပ်ပါသည်။ ''ရန်သူဆယ်ယောက် ထက် မိတ်ဆွေယောင်ဆောင်သူတစ် ယောက်က သာ၍ပင်ကြောက်မက်ဖွယ် ကောင်းသည်''ဟုပင် ပညာရှင်များက မိန့်ဆိုကြသည်။ ကမ္ဘာကျော်စစ်ဗိုလ်ချုပ် ကြီးနပိုလီယံကမူ ''ကျွန်ုပ်အား တိုက် ခိုက်ရန်လာသော ရန်သူတစ်သိန်းကို မကြောက်ပါ။ ကျွန်ုပ်အနားတွင် မြှောက် ပင့်ပြောဆိုနေကြသော အမတ်ကြီးများ ကိုသာ ကြောက်သည်''ဟု သာပေါင်း ညာစားမိတ်ဆွေများ၏အန္တရာယ်ကို ပြော ပြခဲ့သည်။


မိတ်ဆွေကောင်းတို့၏ကျင့်ဝတ်ငါးပါးကို ''ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်ြ>ွမက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ် သဟာ''ဟူ၍မှတ်သားဖူးပါသည်။ မြတ် ဗုဒ္ဓကမူ မိတ်ဆွေကောင်းဟူသည် ပေး နိုင်ခဲသော ပစ္စည်းကို ပေး၏။ ပြုနိုင်ခဲ သောဝတ္တရားကို ပြု၏။ အလွန်အမင်း သည်းခံ၏။ လျှို့ဝှက်အပ်သော စကား ကို လျှို့ဝှက်တတ်၏။ ဘေးရန်ကြုံသော အခါ၌ စွန့်ပစ်၍ မထားတတ်။ ပစ္စည်း ဥစ္စာ ဆင်းရဲမွဲတေနေသော်လည်း မထီ မဲ့မြင်မပြုတတ်''ဟုြ>ွမက်ကြားခဲ့ပါ သည်။ မိတ်ဆွေကောင်းကို အလိုရှိပါက မိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်း ပီသအောင် ကြိုးစားရပေမည်။ သိပံ္ပ ပညာရှင်ကြီးနယူတန်၏တတိယနိယာမ ကဲ့သို့ ''သက်ရောက်မှုတိုင်းတွင် တန် ပြန်သက်ရောက်မှု''ရှိပေမည်။ ဤနိယာ မမှာ မြတ်စွာဘုရားဟောကြားဆုံးမတော် မူခဲ့သော ကံ ကံ၏အကျိုးပင်ဖြစ်ပါ သည်။
မိတ်ဆွေကောင်း ဟန်ဆောင်တတ်သူ များသည် ''သိုးရေခြုံသည့်ဝံပုလွေ'' ကဲ့ သို့ ကြောက်စရာကောင်းပါသည်။ ''နှုတ်ဖျားက သကာပျား၊ ဝမ်းထဲက တမာခါး''ဆိုသကဲ့သို့ အပြောချိုသာပြီး စိတ်နှလုံးဆိုးယုတ်သော မိတ်ဆွေတုများ လည်းရှိပါသည်။ ရေသဖန်းသီးကဲ့သို့ အပြင်ပန်းလှ၍ အတွင်းတွင် ပိုးအပြည့် နှင့်ရွံရှာဖွယ် မိတ်ဆွေဆိုးများကို သတိ ထား၍ရှောင်သင့်ပါသည်။ ကြည်းကန် ရှင်ကြီးဆိုထားသော ''တတ်မည်ကိုစိုး ရိမ်၊ လိမ္မာလျှင်မကြိုက်၊ မိုက်လျှင်ဝမ်း သာ၊ ချမ်းသာလျှင်မြင်ပြင်း၊ ဆင်းရဲလျှင် အားရ၊ြ<ွကယ်ဝလျှင်မနာလို''ဖြစ်တတ် သောသူများနှင့် အပေါင်းအသင်းလုံးဝ မပြုလုပ်သင့်ပေ။
အလွန်ချိုသော သရက်ပင်သည် ခွေးတောက်ပင်နှင့် ရောယှက်မိသောအခါ ခါးသက်ရပါသည်။ အဇာတသတ်မင်း သားသည် ဒေဝဒတ်နှင့်ပေါင်းသင်းမိ၍ ဖခင်အရင်းကို သတ်မိကာ မဟာအဝီစိ ငရဲသို့ ကျရောက်ရပါသည်။ မလိမ္မာသော လှည်းမှူးနှင့်ပေါင်းဖက်မိသောကြောင့် ငါးရာသောလှည်းသားတို့ ဘီလူးစားခံခဲ့ ရပါသည်။ မိတ်ဆွေဆိုးတို့နှင့် ပေါင်း ဖက်ရလျှင် ဆိုးကျိုးများနှင့်သာ တွေ့ကြုံ ရစမြဲဖြစ်ပါသည်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့ သော ဒုကနိပါတ်လာကုဋဝါဏီဇာတ် တော်တွင် ကုန်သည်နှစ်ဦးရှိကြသည်။ တစ်ဦးက တောတွင်နေ၍ တစ်ဦးက မြို့ တွင်နေသည်။ တစ်နေ့တွင် ရွာသားကုန် သည်သည် သူ၏သံထွန်သွားငါးရာကို မြို့နေကုန်သည်ထံရောင်းပေးရန်အပ်ထား သည်။ မြို့နေကုန်သည်သည် သံထွန် သွားများရောင်း၍ ကုန်သွားသော်လည်း ငွေပေးချေခြင်းမပြုဘဲ သံထွန်သွားများ ကိုြ<ွကက်များစားသဖြင့် ကုန်သည်ဟု လိမ်ပြောသည်။ ရွာသားကုန်သည်သည် ဘာမျှမပြောဘဲ ရေချိုးသွားလို၍ မြို့သား ကုန်သည်၏သားငယ်ကို လမ်းပြထည့် ပေးရန် ခေါ်သွားပြီး တစ်နေရာတွင် ဝှက် ထားလိုက်သည်။ မြို့သားကုန်သည်က သူ့သားကိုမေးသောအခါ စွန်ချီသွားသည် ဟု ဆိုလေ၏။ မြို့သားကုန်သည်က မကျေနပ်သဖြင့် တရားရင်ဆိုင်ကြရာ အဖြစ်မှန်သိသွားသော တရားသူကြီးက ''သံကိုြ<ွကက်စားလျှင် သားကိုစွန်ချီ'' နိုင်ကြောင်း ဆုံးဖြတ်ပေးမှ မြို့သားကုန် သည်သည် သင်ခန်းစာရသွားပြီး သံထွန် သွားဖိုး ပြန်လျော်ပေးမှ ရွာသားကုန်သည် က သားငယ်ကိုပြန်ခေါ်ပေးသည်ဟု ဟောကြားထားပါသည်။ ထိုဇာတ်တော် မှ မိတ်ဆွေဟု ယုံကြည်မိသူ ရွာသားကုန် သည်နှင့် မိတ်ဆွေဆိုး မြို့သားကုန်သည် တို့အကြောင်းကိုလည်း သင်ခန်းစာယူ ဖွယ်မှတ်သားရပါသည်။
ထို့ကြောင့် ပေါင်းသင်းဆက်ဆံရေး တွင် ဥာဏ်သတိရှိရန်လိုပါသည်။ အဘယ်သူသည် မိမိအကျိုးကို အမှန်တ ကယ်လိုလားပါသနည်း။ အဘယ်သူ ကား အကြံအစည်နှင့်လာရောက်ခင်မင်ပါ သနည်း စသည်ကို ဥာဏ်ဖြင့်နှိုင်းဆချင့် ချိန်ရပါမည်။ ထို့ပြင် လူတစ်ယောက်ကို လွယ်လွယ်နှင့်ကောက်ချက်မချမိအောင် လည်း သတိပြုမိရပေမည်။ ဒူးရင်းသီး ကို အဆင်းမလှသောအသီးဟု မှတ်ချက် မြန်မြန်ချကာ စားမကြည့်ဘဲနေလိုက်လျှင် အလွန်ကောင်းသော အရသာကို ခံစား ခွင့်လွဲသွားလိမ့်မည်။ အပြင်ပန်းအဆင်း လှသော သဖန်းသီးကို စားမိ၍ အတွင်း အရသာ၏ဆိုးရွားမှုကို သိသောအခါ ပြန် ထွေးထုတ်၍ရသော်လည်း မိတ်ဆွေတု၏ သစ္စာဖောက်မှုများမှာ မိမိထံတွင် နုတ် မရသည့် မကောင်းသောအကျိုးဆက်များ ကျန်ရစ်ခဲ့ပေလိမ့်မည်။
ဆားမပါသော ဟင်းတစ်ခွက်သည် အရသာမရှိနိုင်သကဲ့သို့ ငွေသော်တာ လမင်းကြီး မပေါ်ထွက်သော မဟူရာည သည် မထွန်းလင်းနိုင်ပေ။ ထို့အတူ မိတ် ဆွေကောင်းမရှိသော လူတစ်ယောက်၏ ဘဝသည်လည်းအောင်မြင်မှုများမရရှိနိုင် ပေ။ ထို့ကြောင့် လူသားတိုင်းသည် မိမိ ကိုယ်တိုင်လည်း မိတ်ဆွေကောင်းဖြစ် အောင်ကြိုးစားရင်း မိတ်ဆွေတုနှင့် မိတ် ဆွေစစ်ကို သတိပြုခွဲခြားကာ မိမိနှင့် တကွ ကမ္ဘာလောကကြီးသာယာလှပ အောင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသည်။