images
UN
UN
အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရေးဆီ ဦးတည်ရန် တွန်းအားပေးနေသောဖြစ်စဉ်များ
ပြည့်ဖြိုးနိုင် Tuesday, 22 October 2019
ပြီးခဲ့သည့် သြဂုတ် ၁၅ရက်တွင် ညီနောင်မဟာမိတ်အဖွဲ့ဟု ကိုယ့်ကိုယ် ကိုယ်အမည်ပေးထားသော ပူးပေါင်းအဖွဲ့ များက မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်အတွင်း၌ အရပ်ဘက်နှင့် စစ် ဘက်ပစ်မှတ်များအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၅ဦးခန့်ရှိခဲ့ကာ အများစု သည် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် သားများ ဖြစ်ကြသည်။ သြဂုတ် ၁၅ရက် တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်း ပညာတက္ကသိုလ်၊ နောင်ချိုမြို့ရှိ မူးယစ် ဆေးဝါးစစ်ဆေးရေးဂိတ်၊ မန္တလေး- မူ ဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတားများ အား အဆိုပါပူးပေါင်းအဖွဲ့က တိုက်ခိုက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများအား ၄င်းတို့က တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ခြင်းကြောင့် ၄င်းတို့ နှင့် တပ်မတော်ဘက်တွင် အကျအဆုံး များ ရှိခဲ့ရုံသာမက အရပ်သားများ သေ ဆုံးခဲ့သည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ သည်။ တိုက်ခိုက်မှုပြုလုပ်ခဲ့သော ညီ နောင်မဟာမိတ်အဖွဲ့ဆိုသည်မှာ AA သောင်းကျန်းသူအဖွဲ့၊ TNLA သောင်း ကျန်းသူအဖွဲ့နှင့် MNDAA သောင်း ကျန်းသူအဖွဲ့များ ပူးပေါင်းထားခြင်းဖြစ် သည်။
ညီနောင်မဟာမိတ်အဖွဲ့က တိုက်ခိုက် မှုပြုလုပ်ခဲ့ရခြင်း၏ အဓိကရည်ရွယ်ချက် မှာ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက် ပိုင်း)တွင် တပ်မတော်ဘက်မှ စစ်ရေးလှုပ် ရှားမှုများ ပြုလုပ်လာခြင်းကြောင့်ဖြစ် သည်ဟု အကြောင်းပြခဲ့ကြသည်။ တစ် ချိန်တည်းတွင် ညီနောင်မဟာမိတ်အဖွဲ့ သည် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရယူရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၄င်းတို့ အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ကျယ်ပြန့် စွာပါဝင်ရန်အတွက် အစိုးရအဖွဲ့နှင့်ပထမ ဆုံးအကြိမ် သီးသန့်ဆွေးနွေးခဲ့သည်ဟု လည်း ဆိုနိုင်သည်။ သို့သော် အစိုးရ ဘက်မှ တောင်းဆိုသော တောင်းဆိုမှုများ ကို လိုက်နာနိုင်ခြင်းမရှိသောကြောင့် သဘောတူညီမှု တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိဘဲ အဆုံးသတ်ခဲ့ရသည်။ ဆက်လက် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် အစိုးရ ဘက်မှ တောင်းဆိုမှုများကို ငြင်းဆန် ကြောင်း ပြသနေသည့်တိုက်ပွဲများဖြစ် သည်ဟု သတ်မှတ်သူများလည်း ရှိနေ သည်။
တိုက်ခိုက်မှုများနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ခဲ့ရာ တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ မူးယစ် ဆေးဝါးနှင့် စိတ်ြ<ွကရူးသွပ်ဆေးဝါးများ ကို အလုံးအရင်းဖြင့် ထုတ်လုပ်နေသည့် နေရာများအား တပ်မတော်ဘက်မှ ရှင်း လင်းသိမ်းပိုက်ခဲ့မှုအပေါ် လက်တုံ့ပြန် သည့်အနေဖြင့် ဂုတ်တွင်းတံတားကဲ့သို့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍအတွက် အရေး ကြီးသည့် နေရာမျိုးအား တိုက်ခိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ပါရှိခဲ့ သည်။
သို့သော် ညီနောင်မဟာမိတ်အဖွဲ့ ဝင်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ရန်ကြိုးပမ်းရာ ၌ ဖြစ်ပေါ်ခဲ့သော မကျေလည်မှုများကို တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းမျိုး လည်း ဖြစ်ဖွယ်ရှိနေသည်။ ၂ဝ၁၅ ခုနှစ် အတွင်းက လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်အတွင်း၌ ပါဝင် လက်မှတ်ရေးထိုးထားသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များသာလျှင် နိုင်ငံ ရေးဆွေးနွေးမှုများ ပြုလုပ်ခွင့်ရှိနေသည်။ တပ်မတော်နှင့်အစိုးရဘက်မှ ညီနောင် မဟာမိတ်အဖွဲ့ဝင်များအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရားဝင်ပါဝင်လို သည်ဆိုပါက လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ရမည်ဆိုသည့် အကြိုသဘော တူညီချက်ပေးအပ်ရမည်ဟု တောင်းဆို နေခြင်းကြောင့် ညီနောင်မဟာမိတ်အဖွဲ့ က အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အတွင်း၌ ပါဝင်လက်မှတ်ရေးထိုးမှုမလုပ် ခြင်းဖြစ်သည်ဟုလည်း အကြောင်းပြခဲ့ ကြသည်။
သတိပြုစရာဖြစ်ခဲ့သည့်အပြောင်းအလဲ များမှာ တပ်မတော်နှင့် အစိုးရအဖွဲ့အနေ ဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှု စာချုပ်အတွင်း ၌ ပါဝင်လက်မှတ်ရေးထိုးရေးအတွက် လက်မှတ်မထိုးရသေးသော အဖွဲ့များနှင့် တပ်ဖွဲ့ချင်း ဆွေးနွေးခြင်းကဲ့သို့ လုပ် ဆောင်ချက်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ ညီနောင်မဟာမိတ်အဖွဲ့ဝင်များနှင့် မဟာမိတ်ဖြစ်သော KIO အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်အတွင်း၌ ပါဝင် လက်မှတ်ရေးထိုးရန်အတွက် တစ်ဖွဲ့တည်း သီးသန့်ဆွေးနွေးခြင်းမျိုး ပြုလုပ်ခဲ့သည်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း၌ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အားပေး ကူညီလျက်ရှိသော တရုတ်နိုင်ငံက အပြန် အလှန်လက်ခံနိုင်မည့်သဘောတူညီမှုမျိုး ရယူရန် ညီနောင်မဟာမိတ်အဖွဲ့အား တိုက်တွန်းခဲ့သည်။
(Ref; Myanmar: A Violent Push to Shake up Ceasefire Negotiations By ICG)
(ဆက်လက်ဖော်ပြပါမည်)