images
UN
UN
တိုက်စစ်မှူးပီပီ၏ဂိုးပေါက်လွဲချော်မှုက ရလဒ်အတွက် အဓိကကျခဲ့ဟု အမ်မရီပြော အာဆင်နယ်ကစားသမားများကို ကလေးများဟုပြောကြားခဲ့သော အီဗရာကို ဇာခါတုံ့ပြန်
Wednesday, 23 October 2019
အာဆင်နယ်နည်းပြအမ်မရီက ရှက်ဖီးနှင့်ကစားခဲ့သောပွဲတွင် ထွက်ပေါ်ခဲ့သည့် ရလဒ်တွင် တိုက် စစ်မှူးပီပီ၏ဂိုးပေါက်လွဲချော်မှုက အဓိကကျခဲ့ကြောင်း ပြောကြားခဲ့ သည်။ ပြီးခဲ့သောနွေရာသီအပြောင်း အရွှေ့ကာလတွင် ပေါင် ၇၂ သန်း ဖြင့်ရောက်လာခဲ့သော ပီပီသည် အာဆင်နယ်တိုက်စစ်တွင် ရုန်းကန် နေရဆဲဖြစ်သည်။ ရှက်ဖီးအား ရှုံး နိမ့်ခဲ့သောပွဲစဉ်၏ ပထမပိုင်း အတွင်း အပိုင်အခွင့်အရေးရရှိမှုကို လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ ခြင်းမရှိပေ။
အမ်မရီက ''ကျွန်တော်တို့ အတွက်၊ ပီပီအတွက် အခွင့်အရေး ရခဲ့ပါတယ်။ တကယ်လို့သာ ဒါ ကိုဂိုးအဖြစ်ပြောင်းနိုင်ခဲ့မယ်ဆိုရင် ခြားနားတဲ့အခြေအနေတစ်ခုဖြစ် လာပါလိမ့်မယ်။ သူတို့က ခံစစ် ကစားပုံအရမ်းကောင်းတဲ့အသင်း ဖြစ်နေလို့ပါ။ ပီပီက ပိုပြီးတိုး တက်လာတယ်လို့ ကျွန်တော်ထင် ပါတယ်။ ဒါပေမဲ့ သူ့အတွက် နောက်တစ်ဆင့်ဖြစ်တဲ့ ဂိုးတွေသွင်း ယူနိုင်မှုဆီကိုတော့ သွားဖို့လိုနေပါ သေးတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်အတွက် ရုပ်သံ တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ သောမန်ယူနောက်ခံလူဟောင်းအီဗ ရာကအာဆင်နယ်ကစားသမားများ ကိုကလေးများဟု ပြောကြားခဲ့ခြင်း အတွက် အာဆင်နယ်အသင်းခေါင်း ဆောင်ဇာခါက တုံ့ပြန်ခဲ့သည်။ အီ ဗရာက အာဆင်နယ်အကြောင်းကို ကောင်းစွာသိထားကြောင်း၊ ရှက် ဖီးယူနိုက်တက်က ထိုက်တန်စွာ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း၊ ပရီးမီး ယားလိဂ်တွင် မိမိကစားနေစဉ် ကတည်းက အာဆင်နယ်ကစား သမားများကို ကလေးများဟုခေါ် လေ့ရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဇာခါက အသင်းနှင့် ပတ်သက်၍ လူအများစုပြောနေ ကြသည့်စကားများမှာ အဓိပ္ပာယ်မဲ့ စကားများသာဖြစ်နေသည်ဟု တုံ့ ပြန်ခဲ့သည်။ အီဗရာသည် ထိပ် တန်းကစားသမားဖြစ်ခဲ့၍ ၄င်း အပေါ်လေးစားမှုရှိသော်လည်း အခြားအသင်းများအကြောင်း ပြော ကြားရာတွင် ပိုမိုသတိထားရန်လို အပ်သည်ဟု အာဆင်နယ်အသင်း ခေါင်းဆောင်ဇာခါက ပြောကြား ခဲ့သည်။ Ref;Dailymail