images
UN
UN
အင်တာနှင့်ပွဲစဉ်ကို ဒေါ့မွန်တိုက်စစ်မှူးများလွဲချော်
Wednesday, 23 October 2019

ဒေါ့မွန်တိုက်စစ်မှူးများဖြစ်သော မာကိုရူးစ်နှင့် အယ်လ်ကာဆာတို့ သည် အင်တာမီလန်နှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော် ကြမည်ဖြစ်သည်။ အယ်လ်ကာဆာသည် ယခုလအစောပိုင်းကတည်းက ခြေဖနောင့်ကြောဒဏ်ရာကြောင့် ရုန်းကန်နေရသူဖြစ်သည်။ အင်တာမီလန် နှင့်ပွဲစဉ်အမီ ပြန်လည်ပါဝင်နိုင်မည်ဟု ခန့်မှန်းခဲ့သော်လည်း ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် မပါဝင်နိုင်ခြင်းလည်းဖြစ်သည်။ အခြားတိုက်စစ်မှူး တစ်ဦးဖြစ်သည့် မာကိုရူးစ်မှာ အဖျားရောဂါကြောင့် အင်တာမီလန်နှင့် ပွဲစဉ်ကို လွဲချော်ခဲ့ခြင်းဖြစ်သည်။ ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဘာစီလိုနာကိုသရေကစားခဲ့ ပြီး ဆလားဗီးယားကို အနိုင်ရရှိထားသဖြင့် အမှတ်ပေးဇယားတွင် ဦး ဆောင်နေသော အသင်းဖြစ်သည်။ Ref;Bild