images
UN
UN
အေဘရာဟမ်အား ချဲလ်ဆီးစာချုပ်သစ် ကမ်းလှမ်းမည်
Wednesday, 23 October 2019

ချဲလ်ဆီးအသင်းသည် တိုက်စစ်မှူးအေဘရာဟမ်အား တစ်ပတ်လစာ ပေါင်တစ်သိန်းဖြင့် စာချုပ်သစ်ကမ်းလှမ်းမည်ဖြစ်ကြောင်းသိရသည်။ အေဘရာဟမ်သည် နည်းပြလမ်းပတ်၏အစီအစဉ်များတွင် ပါဝင်ခြေစွမ်းပြ နိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင် စာရင်းတွင် အဂူရိုနှင့်အတူ ပူးတွဲရပ်တည်နေသူဖြစ်သည်။ အသက် ၂၂ နှစ်သာရှိသေးသော အေဘရာဟမ်သည် ပြီးခဲ့သောရာသီက ဗီလာအသင်း တွင် အငှားသွားကစားခဲ့ပြီး ၂၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ၄င်းကိုဥရောပထိပ်သီးအသင်းအများစုက မျက်စိကျလာကြ၍ ချဲလ်ဆီးက စာချုပ်သစ်ချုပ်ဆိုကာ စာချုပ်လျော်ကြေးကို တိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်သည်။ Ref;Telegraph