images
UN
UN
မြန်မာ့လက်ရွေးစင် ယူ-၁၉အမျိုးသမီးအသင်း၏ အပြီးသတ်လူစာရင်းထုတ်ပြန်
Wednesday, 23 October 2019

အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်မည့်မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်း၏ အပြီးသတ်လူစာရင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သည်။ ၂ဝ၁၉ ခုနှစ်အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ချွန်ဘူရီမြို့တွင် ယခုလ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အုပ်စု(ခ)တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုလ ၂၈ ရက်တွင် ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲစတင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ယခုလ ၃၁ ရက်နှင့် နိုဝင် ဘာ ၃ရက်တွင် တရုတ်နှင့် တောင် ကိုရီးယားတို့ကို ဆက်လက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။
အပြီးသတ်လူစာရင်းအတွင်း YREO အသင်းမှ ၁ဝ ဦးအထိ ပါ ဝင်ခဲ့ပြီး Sport & Education အသင်းမှ ကစားသမားလေးဦး၊ ISPE အသင်းမှ ကစားသမားလေး ဦး၊ မြဝတီအသင်းမှ ကစားသမား နှစ်ဦး၊ ဇွဲကပင်အသင်းမှ ကစား သမားနှစ်ဦး ပါဝင်လာခဲ့သည်။
မြန်မာ့လက်ရွေးစင်ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် စင်ကာပူ၊ ဗီယက်နမ်တို့နှင့် ခြေစမ်းပွဲများယှဉ် ပြိုင်ခဲ့ပြီး ပြည်တွင်းအသင်းများ နှင့်လည်း ခြေစမ်းပွဲများယှဉ်ပြိုင် ကစားခဲ့သည်။ အာရှယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသော အသင်းများသည် ဖီဖာယူ-၂ဝ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။