images
UN
UN
ဆုံးဖြတ်ချက်အမှားများနေခြင်းကြောင့် VAR နှင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများ ဆွေးနွေးမည်
Tuesday, 29 October 2019

ပရီးမီးယားလိဂ်တာဝန်ရှိသူ များသည် ဆုံးဖြတ်ချက်အမှားများ နေခြင်းကြောင့် VAR ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။ ပရီး မီးယားလိဂ်ပွဲစဉ် ၁ဝ ပွဲယှဉ်ပြိုင် ကစားပြီးချိန်တွင် သိသာထင်ရှား သည့်ဆုံးဖြတ်ချက်အမှား ၂၆ ခု အထိ ရှိခဲ့ပြီဖြစ်သည်။
ဒိုင်လူကြီးများကို အကူအညီ ပိုရစေရန် ယခုရာသီတွင် စတင်၍ VAR နည်းပညာကို ပရီးမီးယား လိဂ်၌ သုံးစွဲခဲ့သည်။ ပြီးခဲ့သော တစ်ပတ်တွင် အာဆင်နယ်အသင်း ၏တတိယဂိုး ငြင်းပယ်ခံခဲ့ရခြင်း နှင့် ဘရိုက်တန်အသင်း၏အငြင်း ပွားဖွယ်ပင်နယ်တီတို့မှာ မှားယွင်းမှု ပိုမိုထင်ရှားလာ၍ ဆွေးနွေးရန်စီစဉ် ခြင်းဖြစ်သည်။ Ref ;Mirror