images
UN
UN
ခေါင်းဆောင်မှုဆိုင်ရာ သိမှတ်ဖွယ်ရာ
ချစ်နိုင်(စိတ်ပညာ) Tuesday, 29 October 2019
'ချစ်သူငယ်ချင်း ကိုချစ်နိုင်ရေ ဘာတွေ လုပ်နေတုန်း'
'စာဖတ်နေတယ်'
'စာဖတ်နေတာတော့မြင်သားပဲကွာ။ ဘာစာတွေလဲမေးတာ'
သင်တန်းတစ်ခုမှာ ဟောပြောဖို့ရာ အချက်အလက်တွေရှာဖွေစုဆောင်းနေတာ ပါကွာ'
'ဘာသင်တန်းလဲ'
'မြို့နယ်အဆင့်အရာရှိတွေပါ'
'ကိုချစ်နိုင်က ပို့ချရမှာလား'
'အဲဒီသဘောလည်း ပါတာပေါ့'
'စာပေဟောပြောရမှာလား'
'အဲဒါမျိုးလည်း ဆိုနိုင်တာပါပဲ'
'ဟ တိတိကျကျမရှိရင် ရောရောထွေး ထွေးဖြစ်နေပါဦးမယ်။ ကိုယ့်လူရယ်'
'ခေါင်းဆောင်မှုဆိုင်ရာအထွေထွေဗဟု သုတအကြံဥာဏ်နဲ့အတွေ့အကြုံတွေမျှဝေ စေချင်လို့ ဖိတ်ကြားဟောပြောစေတဲ့ သဘောပါ'
'သြော် သူငယ်ချင်းကဌာနအကြီးအကဲ ညွှန်ကြားရေးမှူးချုပ်ရာထူးမှာ ဆယ်နှစ် ကျော်ကျော် တာဝန်ယူခဲ့ဖူးပြီး စီမံထူးချွန် (ပထမဆင့်)တံဆိပ် လွတ်လပ်ရေးနေ့မှာ ချီးမြှင့်ခံခဲ့ရတာကြောင့် ဖိတ်ခေါ်တာဖြစ် မယ်'
'ရာထူးထက်စာရေးဆရာဟောပြောသူ အနေနဲ့ဖိတ်ပုံရပါတယ်။ ဒါက ပထမဦးဆုံး အကြိမ်တော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လေး ငါးခြောက်နှစ်လောက်ကတည်းက ဟော ပြောနေကျပါ။ ဒါပေမဲ့ ခေတ်ကာလ အခြေ အနေအရ ပြောင်းလဲနေတာနဲ့ဆီလျော် ကိုက်ညီအောင်အသစ်အသစ်ပြုစုပြင်ဆင်ရ တယ်လေ'
'အေး ဟုတ်တယ်။ သင်တန်းတစ်ခုခု မှာ ပို့ချတာပဲဖြစ်ဖြစ်၊ ဟောပြောတာပဲဖြစ် ဖြစ် သင်တန်းသားတွေကို သင်ရုံ၊ သိရုံ သဘောထက် သုံးနေပြီဆိုတဲ့အထိ ရောက် ရှိအောင် လုပ်ဆောင်နိုင်စွမ်းရှိမှလေ့ကျင့်မှု ရည်ရွယ်ချက်ဟာ အထမြောက်တယ်'
'သင်မှသိ၊ သိမှသုံး၊ သုံးမှထိရောက် ရည်မှန်းချက်ပေါက်မြောက်တဲ့ သဘောပေါ့ ဟုတ်လား'
'ဟုတ်တယ်။ ဒါနဲ့နေပါဦး ဘာတွေ ဟောပြောမှာလဲ'
'ရော့ကွာ။ အဲဒီမှတ်စုအကြမ်းရေးထား တာတွေကြည့်ပေတော့'
'မြားတွေရော၊ ဇယားတွေရော နားမ လည်ပါဘူးကွာ။ ပါးစပ်ကပဲ ပြောစမ်းပါ'
'သင်တန်းသားအခြေအနေက
ဘာသာ ရပ်နဲ့ဘာမှမသိသေးသူဆိုရင် Capacity Building အရည်အသွေး စတင်တည် ဆောက်ပေးရတယ်။ ရှိပြီးသား သူတွေဆို ရင် သူတို့ကို Capacity Development ဖွံ့ဖြိုးအောင်လုပ်စေရမယ်။ မတူဘူး။ အခု ခေတ်က အထူးပြုကျွမ်းကျင်တတ်မြောက် ရမယ့်ခေတ်ဖြစ်နေတော့ လူမှုရေးစွမ်းရည် ထက်မြက်မှုအတွက် ဆိုပေမယ့်လည်း ယေ ဘုယျအချက်လောက်ပြောပြရုံနဲ့မလုံလောက် ဘူး။ Specialization အနေနဲ့ တကယ့် လက်တွေ့ထိရောက်အောင်မြင်အောင်လုပ် တတ်စေရမယ်'
'Result ကို effect ဖြစ်အောင်လုပ်နိုင် စေရမယ်ပေါ့'
'Sorry ကိုယ်က အင်္ဂလိပ်စကားလုံး တွေပါသွားရင်ခွင့်လွှတ်ကွာ။ ဟိုမှာပြော ရင်တော့ မြန်မာလိုပဲပြောတာပါ'
'ကိုယ်က ကိုချစ်နိုင်ကို သက်သက် စတာပါ။ တချို့ကမြန်မာလိုပြောရင် ရရက် သားနဲ့ အင်္ဂလိပ်စာပြောက်ကျားပြောက်ကျား ညှပ်ပြောတာများ နားခါးတယ်ဟ'
'ထော့ကျိုးထော့ကျိုးပြေးသလိုမျိုးပဲ'
'ဟေ့ ကိုချစ်နိုင်ဟောပြောမှာနဲ့ဆီလျော် မလားတော့မသိဘူး။ ကနေ့ဖေ့စ်ဘွတ်ထဲမှာ ဖတ်ရတာလေးတစ်ခုကို ကိုယ်ကြိုက်လို့ ကူးယူသိမ်းထားတယ်။ ဖတ်ကြည့်ပါလား' (ဖုန်းကိုဖွင့်ပြ)
'အိုင်းစတိုင်း(၁၈၇၉-၁၉၅၅)ကမိန့်ဆိုခဲ့ သတဲ့
(၁) အမြဲတမ်းသိလိုစိတ်ပြင်းပြနေပါစေ။
(၂) ဘယ်အရာကိုမှ မိမိနဲ့မဆိုင်သလိုမနေ ပါနဲ့။
(၃) ရောက်တဲ့နေရာမှာ အာရုံစူးစိုက်ပြီးနေပါ။
(၄) မှားယွင်းတဲ့ အတွေးအခေါ်အယူအဆ တွေကိုအလျဉ်းသင့်တိုင်း ပြင်လိုက်ပါ။
(၅) အချိန်ကိုတန်ဖိုးရှိအောင်အသုံးချပါ။
(၆) ဗဟုသုတကြွယ်ဝအောင်ကြိုးစားပါ။
(၇) မိမိကိုယ်ကို စည်းကမ်းတကျဖြစ်အောင် လေ့ကျင့်နေထိုင်ပါ။
(၈) သူတစ်ပါးစကားပြောတဲ့အချိန်မှာ နား ထောင်ပါ။ လုမပြောပါနဲ့။
(၉) အရာခပ်သိမ်းကို အကောင်းဘက်မှ ရှု မြင်နိုင်အောင်ကြိုးစားပါ။
(၁ဝ) မဆုတ်မနစ်အပတ်တကုတ် ကြိုးစား အားထုတ်တဲ့ လုံ့လဝီရိယရှိနေပါစေ တဲ့။ ကောင်းလိုက်တာကွယ်။ ကမ္ဘာ ကျော်သိပ္ပံပညာရှင်၊ အင်မတန်ဥာဏ် ကြီးတဲ့ပုဂ္ဂိုလ်ရဲ့ဆုံးမသြဝါဒ သို့မဟုတ် အကြံပြုချက်တွေပါပဲ။ အသုံးကျတာ ပေါ့'
'ဒါဆိုကိုချစ်နိုင်ဆီပို့ပေးမယ်။ လိုရင် ထည့်သုံးပေါ့။ ဟုတ်ဘူးလား'
'ကျေးဇူးပါပဲ။ မောင်ရင်လာတာကိုယ့် အတွက်အထူးကျေးဇူးများသွားပြီဗျ'
'လျှာရှည်တယ်တော့မထင်နဲ့သူငယ်ချင်း ရေ။ အိန္ဒိယသမ္မတကြီး အဗ္ဗဒူလ်ကာလမ် ပြောဖူးတာလေးလည်း ဖေ့စ်ဘွတ်ထဲက ကိုယ်သဘောကျလို့သိမ်းထားသေးတယ်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းဆို တာ အလွန်အရေးကြီးလှတယ်ဆိုတဲ့ အဆို အမိန့်ပါ။ (လက်ကိုင်ဖုန်းလေးကို Search နှိပ်ပြီးရှာပြန်တယ်) ဟောဒီမှာကြည့်။ ကြိုက် ရင်သုံးလို့ရမလား၊ ဖတ်ကြည့်'
'အိန္ဒိယသမ္မတ အဗ္ဗဒူလ်ကာလမ်(ဒုံး ပျံသုတေသနပညာရှင် အိန္ဒိယတပ်မတော် ဗိုလ်ချုပ်တာဝန်မှ သမ္မတဖြစ်လာခဲ့သူ)က ပြောဖူးတယ်။
''ငွေကြေးဒင်္ဂါးတွေက အရွယ်အစား တန်ဖိုးအမျိုးမျိုးရှိကြသလိုပါပဲ။
- ငွေဒင်္ဂါးက ငွေအကြွေေစ့ သေးသေး လေးပါ။
- ကျန်းမာရေးကတော့ ပိုကြီးတဲ့ ငွေဒင်္ဂါး ပြား။
- အချစ်ဆိုတာက ကံကောင်းတဲ့ ငွေဒင်္ဂါး ပြား။

- ဆွေမျိုးဆိုတာဟာ ချိုမြိန်တဲ့ငွေဒင်္ဂါးပြား။
- မိတ်ဆွေကောင်းကတော့ ရွှေဒင်္ဂါးပြား ပဲ။ အဲဒါကိုတော့ အမြဲတမ်းသိမ်းထားပြီး လုံခြုံအောင် သိမ်းဆည်းနော်''တဲ့။ တော် တော်ကောင်းတဲ့ပညာရှိစကားပဲကွယ်'
'ကဲ ကိုချစ်နိုင် ပြင်ဆင်ထားတာ လေးတွေ ပြောပါဦး'
'လူမှာအလုပ်သုံးမျိုးရှိတယ်မဟုတ် လား။ အတွေး၊ အပြောနဲ့လက်တွေ့အလုပ် ပေါ့ကွယ်။ တွေးတောစိတ်ကူးမှု၊ စဉ်းစား ခြင်းအလုပ် မနောကံဟာ အပြောနဲ့အလုပ် ရဲ့အရင်ကျတယ်။ အခြေခံကျတယ်။ မူလ အရင်းခံမို့အရေးကြီးတယ်ဆိုတာ သတိပေး မယ်'
'ဟုတ်တာပေါ့'
'သီတဂူဆရာတော် အရှင်ဉာဏိသာရ ကအစ္စရေးနိုင်ငံ မြို့တော်တယ်လ်အဗစ်မြို့ လေဆိပ်ကြီးထဲမှာ ကမန်းကတန်း အပြေးအ လွှားလာပြီး အချိန်လုမေးတဲ့အစ္စရေးသိပ္ပံ ပညာရှင်နဲ့ လုပ်ငန်းရှင်သူဌေးတစ်ယောက် ကိုတိုတိုနဲ့လိုရင်းဖြေထားပုံလေးကြားဖူးလား'
'မကြားဖူးဘူး'
'ရွှေဂုံတိုင် ပုဂ္ဂလိကဆေးရုံကြီးပိုင်ရှင် ဒေါက်တာမြတ်သူရေးတဲ့ စာအုပ်ထဲမှာ ဖတ်ရဖူးတယ်။ မေးသူက ဗုဒ္ဓရဲ့အဆုံးအမ အနှစ်သာရကဘာလဲတဲ့။ လေယာဉ်က လည်းထွက်တော့မယ်။ အချိန်က ငါးမိနစ်ပဲ ရတယ်။ ဆရာတော်ဘုရားက ငါးမိနစ်အ တွင်းမေးသူကျေနပ်အောင် ဖြေကြားတော်မူ ခဲ့ပါတယ်။ မှတ်မိသလောက် အကျဉ်းချုပ် ကတော့-
လူမှာ နှုတ်အပြောအဆို(စကား)နဲ့ကိုယ် အပြုအမူ(အလုပ်)ကို မမှားအောင် စောင့် ရှောက်ထိန်းကျောင်းနိုင်ရန် ထိုသူဟာ လူ ကောင်း Good Personကိုယ်ကျင့်တရား သီလလုံခြုံသူ။
စိတ်ကိုပါ ကုသိုလ်ဒုစရိုက်တရားတွေ ကင်းရှင်းစင်ကြယ်အောင်ထားနိုင်တဲ့ အလေ့အကျင့်ရှိသွားတဲ့သူကိုတော့ လူမှန် Right Person တဲ့။ သီလ သိက္ခာသာမက သမာဓိ သိက္ခာပါ ပြည့်စုံနေပြီ။
နောက်တစ်ဆင့်ရှိသေးတယ်။
သီလလည်းဖြူစင်ပြီ။ သမာဓိလည်း တည်ကြည်ငြိမ်သက်ပြီ။ အပြော၊ အပြု၊ အတွေးတို့က ကောင်းမွန်နေပြီ။ ထိုသူက လောကကြီးနဲ့တကွ မိမိတို့မှာရှိသမျှ ရုပ်နဲ့နာမ်(စိတ်နဲ့ စေတသိက်)အားလုံးတို့ဟာ မမြဲ၊ ဆင်းရဲ၊ ငါမဟုတ်၊ ငါမရှိ၊ ငါမပိုင်ဆိုင်၊ အရာအားလုံးတို့ကား အကြောင်းနဲ့အကျိုးနဲ့ ဆက်စပ်ဖြစ်ပျက်နေကြတဲ့ သဘာဝဖြစ်စဉ် များပါတကားလို့ ထိုးထွင်းသိမြင်နားလည် သွားသူက Noble Person မြင့်မြတ် တဲ့ပုဂ္ဂိုလ်လို့ ဆိုရပါတယ်။ မြတ်စွာဘုရားက လူသားအားလုံးဟာ လူကောင်းများ၊ ထို မှလူမှန်များ၊ ထိုမှ မြင့်မြတ်တဲ့လူသားများ ဖြစ်ကြရစေရန်လမ်းညွှန်ခဲ့ပါတယ်။ အဲဒါ ဗုဒ္ဓရဲ့အဆုံးအမပဲ။ လေယာဉ်ပေါ်မတက် ခင်လေးအချိန်တိုတိုအတွင်းမှာပဲမေးသူဟာ ကျေနပ်ဝမ်းသာသဘောကျနှစ်သက်သွား ပါသတဲ့(ကွယ်လွန်ရှာပြီဖြစ်တဲ့) ကပ္ပိယ ဒါယကာဒေါက်တာမြတ်သူမှတ်တမ်း တင် ထားတာ ဖတ်ရတယ်။
'သာဓုပါကွယ်။ ကောင်းလှပါတယ်။ တိုတိုနဲ့ ရှင်းလင်းထိရောက်လှပါတယ်။ အဲဒါတွေထည့်ပြောကွယ်။ အကျိုးရှိမှာပါ'
'သမ္မပ္ပဒါန်တရားလေးပါးလည်း အချိန် ရရင် ပြောပြမယ် စိတ်ကူးထားတယ်'
'ကောင်းပါတယ်။ သိသင့်သိထိုက်တာ တွေပဲ'
'အဓိကထားပြီးဟောပြောမှာက အလုပ် ခွင်မှာအသုံးချစရာ ၁ဝ ချက်ပေါ့ သူငယ် ချင်းရာ'
'ဘာတွေများလဲ ဆရာချစ်'
'အလုပ်ခွင်မှာ အသုံးချစရာ ဆယ်ချက် ဆိုတာ'
'ဘယ်စာအုပ်ထဲကကူးချထားတာလဲ'
'စာအုပ်တွေအများကြီးထဲက အကောင်း ဆုံးတွေရွေးချယ်ကောက်နုတ်ပြီး စုဆောင်း ထားတာပါသူငယ်ချင်းရာ'
'အေး ပြောပါဦး'
(၁) အဆက်မပြတ်ထိတွေ့ဆက်သွယ် (Constant Contact)
(၂) ကွပ်ကဲညွှန်ကြား(Constant Contact)
(၃) စစ်ဆေးတည့်မတ်ပြုပြင်
(Check, Corrcet)
(၄) တိုက်ဆိုင်စစ်ဆေး
(Counter Checking)
(၅) တိုရှင်းညွှန်ကြား
(Compact and Clear Instructions)
(၆) ညှိနှိုင်းချိတ်ဆက်(Coordination)
(၇) ပူးပေါင်းလုပ်ဆောင်(Cooperation)
(၈) ကြီးကြပ်ထိန်းကျောင်း(Control)
(၉) ပြောဆိုကျွမ်းကျင်
(Communication Skill)
(၁ဝ) ပေါင်းစည်းညီညွတ်စေအဖွဲ့ စိတ်ဓာတ် မှသည် မျိုးချစ်စိတ် (Cohesion Spirit-de-Corps)
(စပရစ်-ဒီ-ကိုး)
'အချက်အလက်တွေက တော်တော် ကောင်းတာပဲ။ မြို့နယ်အဆင့်အရာရှိတွေအ တွက် အထောက်အကူကောင်းကောင်းရစေ မယ့် ဗဟုသုတတွေကို ခေါင်းဆောင်မှုအ တွက် အထောက်အကူရစေမယ်ထင်ပါ တယ်။ အချိန်ဘယ်လောက်ရသလဲ'
'မိနစ် ၄ဝ၊ မိနစ် ၅ဝ တစ်ချိန်စာပေါ့'
'အေးကွယ်။ မြို့နယ်အဆင့်ဆိုတာ နိုင်ငံ တစ်ခုပြောင်းလဲတိုးတက်အောင်တည်ဆောက် ရာမှာ အခြေခံအကျဆုံးနဲ့ အဓိကနေရာမှာရှိ တဲ့ အပိုင်းပါပဲ။ တကယ်အရည်အသွေး ပြည့်ဝမြင့်မားတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်နေရင် နိုင်ငံတော်ကြီးသေချာပေါက် ဖွံ့ဖြိုးအောင် မြင်မှာပါပဲ'
'ကျေးဇူးပါသူငယ်ချင်းရာ ကိုယ်တို့အခု လိုအပင်ပန်းခံရှာဖွေစုဆောင်းလေ့လာရတာ အကျိုးထိရောက်မယ်လို့ယုံကြည်တယ်။ သဘောတရားကို လက်တွေ့ကျင့်သုံးအ ကောင်အထည်ဖော်နိုင်ကြပါစေ။