images
UN
UN
ဖိလစ်ပိုင်တွင်ကျင်းပခဲ့သည့်Miss Tourism Beauty Of The World 2019 တွင် ဆုရရှိခဲ့သောအလှမယ်များပြန်ရောက်ရှိ
အလင်း Friday, 01 November 2019
ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့်Miss Tourism Beauty Of The World 2019 ပြိုင်ပွဲတွင်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူMrs ဒေါ်မြင့် မြင့်သော်နှင့် သွားရောက်ယှဉ်ပြိုင် ခဲ့သည့်အလှမယ်ချောသန့်သဇင်တို့ ဆုများနှင့်အတူ ရန်ကုန်မြို့သို့ ပြန် လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် နောက် ဆုံးအဆင့်ယှဉ်ပြိုင်မှုတွင် အလှ မယ်ကိုးဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Tourism Beauty Of The World2019 ပြိုင်ပွဲတွင် Winnerဆုကို တောင်အာဖရိကအလှမယ် ရရှိခဲ့ပြီး မြန်မာနိုင်ငံမှကမ္ဘာလုံး ဆိုင်ရာသံတမန်ဆုနဲ့ ခရီးသွား သံတမန်ဆုတို့ကို ရရှိခဲ့ကြသည့် အပြင် ဒိုင်အဖြစ်ကမ်းလှမ်းခံရ သည့် အိမ်ထောင်ရှင်အလှမယ် ဒေါ်မြင့်မြင့်သော်က 'ခရီးသွားနဲ့ အမျိုးသမီးကောင်းဆု'ကိုချီးမြှင့် ခံခဲ့ရသည်ဟု သိရသည်။
''မသော်ကိုဒိုင်အနေနဲ့သူတို့ ဘက်က ဖိတ်ကြားလို့ဒီခရီးစဉ်ကို သွားရောက်ခဲ့ရတာပါ။ နိုင်ငံတစ် နိုင်ငံကိုဒိုင်တစ်ယောက်စီထိုင်ပေး ရတာပေါ့နော်။ဒီခရီးမှာ မသော် ကတော့ဒိုင်တစ်ယောက် အနေနဲ့ ပွဲတက်ဖြစ်တဲ့အပြင် 'ခရီးသွားနဲ့ အမျိုးသမီးကောင်းဆု' တစ်ဆု လည်း သူတို့ဘက်ကချီးမြှင့်ပေးလို့ ဆုတစ်ဆုထပ်ရခဲ့တယ်ပေါ့နော်။ မသော်ရဲ့ လူမှုပေါင်းသင်းဆက် ဆံရေးကို သူတို့ကသဘောကျကြ တယ်။ဒီဆုကိုချီးမြှင့်ခံရတဲ့အတွက် မသော်က ဂုဏ်လည်းယူတယ်။ ကျေးဇူးလည်းတင်တယ်ဟု ယင်း ပြိုင်ပွဲတွင် ဒိုင်အဖြစ်ပါဝင်ဆောင် ရွက်ခဲ့သူ အိမ်ထောင်ရှင်အလှမယ် Mrs ဒေါ်မြင့်မြင့်သော်က ပြော သည်။
ဖိလစ်ပိုင်တွင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲ အတွေ့အကြုံများနှင့်ပတ် သက်၍လည်း ပြိုင်ပွဲသို့စေလွှတ်ခဲ့ သည့်Luminous Beauty Star Int' l Production မှ အကြံပေးနှင့် တည်ထောင်သူကိုထက်ဝေအောင် က ''Miss Tourism Beauty Of The World 2019 မှာ တစ်ကမ္ဘာ လုံးက အလှမယ်စုစုပေါင်း ကိုး ယောက်ယှဉ်ပြိုင်ပါတယ်။ မြန်မာ နိုင်ငံကတော့နှစ်ယောက် ယှဉ်ပြိုင် ပါတယ်။ ပြိုင်ပွဲမှာ နယူးဇီလန်၊ တောင်အာ ဖရိကအစရှိတဲ့Europe နိုင်ငံတော်တော်များများ လည်းပါဝင်ယှဉ်ပြိုင်ကြပါတယ်။ Winner ကတော့တောင်အာဖရိက ရပါတယ်''ဟု ပြောသည်။