images
UN
UN
တစစ်တမက် ကိုယ်နှင့်သက်ကို ရုပ်သံဇာတ်လမ်းရိုက်ကူး
ဒဂုံဝေလင်း Friday, 01 November 2019
LEGENDS of WARRIORSတစစ်တမက်ကိုယ်နှင့် သက်ကို ရုပ်သံဇာတ်လမ်းကို Channel 7 ရုပ်သံကနေ ၇၅နှစ် မြောက်စိန်ရတုတပ်မတော်နေ့ ဂုဏ် ပြုသည့်အနေဖြင့် ဒီဇင်ဘာ ၁ ရက် မှ စတင်ကာ ရိုက်ကူးနေကြောင်း သိရသည်။
'' ဒီဇာတ်ကားလေးကတော့ တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ဇာတ် လမ်းလေးပါ။ အရင်ကလည်းရိုက် ကူးမှုတွေရှိခဲ့ပါတယ်။ ဒီကားလေး ကတော့ အရမ်းကိုထူးခြား တယ်။ တိုင်းပြည်ကိုအသက်နဲ့လဲပြီး ကာ ကွယ်ခဲ့တဲ့သူတွေကိုလဲ ဒီကားလေး နဲ့ ဂုဏ်ပြုချင်တဲ့သဘောလေးပါ။ ဒီလိုတပ်မတော်ကို အကျိုးပြုတဲ့ ကားတွေကို ကျွန်တော်တို့ ငယ် ငယ်ကတည်းက တစ်နှစ်တစ်ခါ ဆိုသလိုကြည့်ရတယ်ဗျာ၊ ဇာတ် ကားလေးကို သဘောကျလို့အခုလို ကားလေးကို ကျွန်တော်ပါဝင်ဖြစ် တာပါ။ ဟိုးအရင်ကဆို ကျွန်တော် တို့ ထက်စီနီယာကျတဲ့သူတွေ ရိုက် ခဲ့တာ လေးတွေကိုကြည့်ပြီး အခု လို ကျွန်တော်တို့ကို ပါဝင်ဖို့ ပြော တဲ့သူတွေကို ကျေးဇူးအထူးတင် ပါတယ်။တပ်မတော်နေ့ကိုအကျိုး ပြုတဲ့ဇာတ်ကားမျိုးတွေက တစ်နှစ် မှတစ်ခါရိုက်ရတာဆိုတော့ ကျွန် တော်တို့ပါဝင်ဖြစ်တာ အများကြီး ဝမ်းသာပါတယ်၊ ကျွန်တော်က စစ် ပွဲတွေကြားထဲ ဖြစ်နေတဲ့အဖြစ် အပျက်တွေကို သတင်းလိုက်ရတဲ့ သူအဖြစ်သရုပ်ဆောင်မှာပါ။၁၉၄၅ ခုနှစ်က ဝတ်စားဆင်ယင်မှုတွေမျိုး ဝတ်ရမှာပါ၊ အရင်ကတော့တိုက် ပွဲသတင်းထောက်ပုံစံမျိုးနဲ့ ကျွန် တော်ကိုတွေ့ရမှာပါ။ကျွန်တော် ဒီ ကားလေးထဲမှာ လုပ်ရမယ့်အပိုင်း တွေအများကြီးရထားပါတယ်။ ဒီ ကားလေးကို သုံးလကျော်ကြာရိုက် ကူးသွားမှာပါထူးခြားမူတွေလည်း အများကြီးတွေ့ရမယ့် ကားလေး တစ်ကားဖြစ်ပါတယ်'' ဟု ပါဝင် သရုပ်ဆောင်မည့် သရုပ်ဆောင် တိုင်ရွှန်ကပြောသည် ။
အဆိုပါဇာတ်လမ်းကိုFOR- EVER GROUPမှပံ့ပိုးမှုဖြင့်ဇာတ် လမ်းဇာတ်ညွှန်းမင်းခိုက်စိုးစံ၊တင် အောင်စိုး(ပန်းမြို့တော်)၊ထက်မြတ် နိုင်ဇင်တို့ကရေးသားပြီး ဒါရိုက် တာတင်အောင်စိုး (ပန်းမြို့တော်) ကရိုက်ကူးမည့်LEGENDS of WARRIORS တစစ်တမက်ကိုယ် နှင့်သက်ကိုဇာတ်ကားကြီးတွင် ဇင်ဝိုင်း၊ ရဲအောင်၊ ရန်ကျော်၊ မင်း ဟိဏ်း၊ခန့်စည်သူ၊ နေမျိုးအောင်၊ မင်းထက်ကျော် ဇင်၊တိုင်ရွှန်၊အောင် ရေချမ်း၊ ကျော်ဆု၊စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ မေမြင့်မိုရ်၊ယဉ်လတ်၊ ခိုင်သဇင် ငုဝါနှင့်သရုပ်ဆောင် များစွားပါ ဝင်ရိုက်ကူးမည်ဖြစ် ကြောင်း သိရသည်။