images
UN
UN
နိယာမ တေးစီးရီး စတင်ဖြန့်ချိ
အလင်း Friday, 01 November 2019
တေးသံရှင် သားဖြိုးလင်း၊အိုက်စိုင်း၊အိမ်လင်း တို့သီဆိုထားတဲ့ ''နိယာမ''အမည်ရှိ တေးစီးရီး Audio CD ကိုBo Bo Music Production ကနေစတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ယင်းတေး စီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဆာကူရာ တာဝါတွင် ကျင်းပခဲ့ပါတယ်။
ရော့ခ်သီချင်းတွေအများစုပါဝင်တဲ့''နိယာမ'' တေးစီးရီး မှာ စစ်သူ၊ သာဒီးလူ၊ Tung Pu က၊နန္ဒ အောင်ရှိုင်း၊ အိုက်စိုင်းတို့ရေး စပ်ပေးထားတဲ့တေး သီချင်း၁၂ပုဒ်ပါဝင်ပြီး Living Stones Band နဲ့ Ultra Mark Band တို့က တီးခတ်ပေးထားပါ တယ်။