images
UN
UN
ပန်းချီလူမော်၏ ပဉ္စမအကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကျင်းပ
Friday, 01 November 2019
ပန်းချီဆရာလူမော်၏ ပဉ္စမအကြိမ်မြောက်တစ်ကိုယ်တော်ပန်းချီပြပွဲ ကို မန္တလေးတောင်ပန်းချီပြခန်း(Mandalay Hill Art Gallery Near two Guardian Lions) တွင် နိုဝင်ဘာ ၁ရက် နံနက် ၉နာရီက ပြပွဲဖွင့် လှစ်ကျင်းပသည်။
အဆိုပါပန်းချီပြပွဲဖွင့်ပွဲသို့ ပန်းချီဆရာများ ဖိတ်ကြားထားသူများ မီဒီယာများ တက်ရောက်ကြသည်။ ပန်းချီပြပွဲဖွင့်ပွဲတွင် ပန်းချီဆရာ လူမော်က ရှင်းလင်းပြောကြားရာ အခရိုက်လစ်ပန်းချီကား ၃၃ ကား ပြသထားပြီး အရွယ်အစားမှာ နှစ်ပေပတ်လည်၊ သုံးပေနှစ်ပေ၊ သုံးပေပတ်လည်၊ လေးပေသုံးပေ အရွယ်အစားပန်းချီကားများ ပြသထား သည်ဟုပြောကြားပြီး ပန်းချီကားများ၏တန်ဖိုးမှာ အနည်းဆုံး ငွေကျပ် နှစ်သိန်းမှ အများဆုံး ငွေကျပ်ငါးသိန်းထိရှိသည်ဟု ပြောကြားသည်။
ပြပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်နေ့အထိ သုံးရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသမည်ဖြစ်ပြီး မည်သူမဆိုလာ ရောက်လေ့လာနိုင်ကြောင်း သိရသည်။