images
UN
UN
ဒလမြို့နယ်တွင် ဓားသိုဝှက်ကိုင်ဆောင်လာသူတစ်ဦးကို ဖမ်းဆီးရမိ
ထွန်းလှ(ဒလ) Friday, 01 November 2019
ဒလမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြစ်မှု ကျူးလွန်သူများ ကြိုတင်ကာ ကွယ် ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေလှည့်ကင်းဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက် ဝဝ နာရီ ၄၅ မိနစ်တွင် လူ့အသက်ကို သေစေ နိုင်သော ဓားဦးချွန် ဓားမြောင်အား သိုဝှက်ကိုင်ဆောင်လာသူ တစ်ဦး ကို ရှာဖွေတွေ့ရှိဖမ်းမိသဖြင့် အမှု ဖွင့်အရေးယူထားသည်။
ဖြစ်စဉ်မှာ ရဲဒုတပ်ကြပ်ဝင်း မောင်မောင်၊ တပ်သားသန့်ထူး အောင်၊ အသိသက်သေ ဦးစိန်မြင့်၊ ဦးဝင်းဇော်တို့သည် နယ်မြေလှည့် ကင်းဆောင်ရွက်နေစဉ် ဒလမြို့ မြို့မ (၄)ရပ်ကွက် ဗိုလ်ချုပ်လမ်း အရောက် လမ်းမပေါ်တွင် လူငယ် တစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ သဖြင့် ရပ်တန့်စေပြီး စစ်ဆေးခဲ့ သည်။
အဆိုပါ လူငယ်မှာ ညောင် ကုန်းရပ်ကွက် မေခ (၂)လမ်းနေ ကျော်ရဲစိုး (၂၃နှစ်) ဖြစ်ပြီး အရက် သေစာသောက်စားမူးယစ်လျက် ယာဘက်လက်တွင် အသွား ကိုး လက်မ၊ အရိုး ငါးလက်မ၊ အရိုး အသွား ၁၄လက်မရှိ သစ်သား လက်ကိုင်ရိုးတပ်ထားပြီး ပြောက် ကျားအဝတ်စပတ်လျက် ဓားဦး ချွန်တစ်ချောင်းအား ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့သည်။
သို့ပါ၍ အများပြည်သူသွား သော လမ်းပေါ်တွင် လူ့အသက်ကို သေစေနိုင်သည့် ဓားဦးချွန်ဓား မြောင်ကိုင်ဆောင်လာသူ ကျော်ရဲ စိုး (၂၃နှစ်)အား ဒလမြို့မရဲစခန်း ၌ (ပ)၁၉ဝဝ/၂ဝ၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)အရ အမှုစစ် ဒုရဲအုပ် ရန်နိုင်အောင်က စစ်ဆေး လျက်ရှိကြောင်း သိရသည်။