images
UN
UN
ကျိုက်ထိုမြို့နယ်တွင် လမ်းဖြတ်ကူးသူကို ဆိုင်ကယ်တိုက်မိမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
နိုင်နိုင်(မွန်) Friday, 01 November 2019
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မြောက် ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်း 'ရာသက်ပန်' ဆေးဆိုင်ရှေ့၌ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီက ကျိုက်ထိုမြို့တွင်းဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့ ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်၊ ပြည်တော်သာ (၁) လမ်းနေဖြိုးကိုကို (၁၉ နှစ်) မောင်းနှင်လာ သည့်ံသည် Honda Dream 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ် အမှတ်၊ ၁၉ယ/ ---သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲ ဘက်မှ ယာဘက်ခြမ်းသို့ လမ်းဖြတ်ကူး သူ တောင်ပိုင်းရပ်ကွက်၊မာလာလမ်းနေ ဒေါ်နုဝင်း (၆၁နှစ်)ကို ဝင်ရောက်တိုက်မိခဲ့ ပြီး ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ကြောင်း၊ ဆိုင်ကယ်တိုက်မိမှုကြောင့် ဒေါ်နုဝင်းတွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ နဖူးပေါက်ပြဲ၊ မေး စေ့ပေါက်ပြဲနှင့် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) နှင့် ဖြိုးကိုကိုတွင် ယာဘက် လည်ပင်းအောက်ခြေမှ ဝဲဘက်နားရွက် အထိ ပြတ်ရှစုတ်ပြဲ ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာတွင် သေ ဆုံးသွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုက်ထိုမြို့မ ရဲစခန်းမှ ဖြိုးကိုကိုအပေါ် ယာဉ်(ပ)၇၉/ ၂ဝ၁၉၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/၃ဝ၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။