images
UN
UN
အာဂျင်တီးနားလူစာရင်းတွင် မက်ဆီပြန်လည်ပါဝင်လာ
Friday, 01 November 2019
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီသည် ဥရုဂွေး၊ ဘရာဇီးတို့နှင့်ယှဉ်ပြိုင် ကစားမည့် အာဂျင်တီးနားအသင်းလူစာရင်းအတွင်းသို့ ပြန်လည်ပါဝင် လာခဲ့ပြီဖြစ်သည်။ မက်ဆီသည် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကို စွပ်စွဲပြောကြားမှုပြုလုပ်ခဲ့သောကြောင့် သုံးလအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည်။ လက်ရှိတွင် ပြစ်ဒဏ်ချမှတ်မှုကာလ လွန်မြောက်သွား ခဲ့ပြီဖြစ်၍ အသင်းလူစာရင်းအတွင်း၌ ပြန်လည်ပါဝင်လာခြင်းလည်းဖြစ် သည်။ အာဂျင်တီးနားသည် ဘရာဇီးနှင့်ယှဉ်ပြိုင်မည့် ခြေစမ်းပွဲကို ယခုလ ၁၅ရက်တွင် ဆော်ဒီအာရေဗျ၌ ကစားမည်ဖြစ်သည်။ယခုလ ၁၈ ရက်တွင် ယှဉ်ပြိုင်ကစားမည့်ဥရုဂွေးနှင့်ပွဲစဉ်ကိုမူ အစ္စရေးတွင် ကစားမည်ဖြစ် သည်။ အာဂျင်တီးနားလူစာရင်း၌ ကိုပါအမေရိကပွဲနောက်ပိုင်း မပါဝင် ခဲ့သော အဂူရိုလည်း ပါဝင်လာခဲ့သည်။ Ref ;Independent