images
UN
UN
မန်ယူကစားသမားသုံးဦး ဘုန်းမောက်နှင့်ပွဲကို လွဲချော်ဖွယ်ရှိနေကြ
Friday, 01 November 2019

မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်နှင့်နောက်ခံလူများဖြစ်သော လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားတို့မှာ ကြံ့ခိုင်မှုပြဿနာရှိနေပြီး ဘုန်းမောက်နှင့်ကစားမည့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြသည်။ ၄င်းတို့သုံးဦးစလုံးသည် ချဲလ်ဆီး ကွင်း၌ကစားခဲ့သော လိဂ်ဖလားပွဲစဉ်တွင် ပါဝင်ခဲ့ကြသော်လည်း ပွဲ ပါဝင်ကစားနိုင်သည့် ကြံ့ခိုင်မှုအခြေအနေမျိုးရှိမရှိကို အတိအကျမပြော နိုင်သေးဟု ဆိုးလ်ရှားက ဖွင့်ဟခဲ့သည်။ ''သူတို့ရဲ့အခြေအနေက အပေါ့ စားလေ့ကျင့်ခန်းတွေပဲ လုပ်နေကြရတဲ့ပုံစံမျိုးပါ။ ကြံ့ခိုင်မှုအပြည့်ရဖို့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။ မန်ယူသည် နောက်ဆုံးကစားခဲ့သော ပွဲစဉ်သုံးပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ပြီး နောက် ကစားသမားများ၏ ယုံကြည်မှုအဆင့်အတန်းမြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်းလည်း ဆိုးလ်ရှားက ပြောသည်။ Ref ;ESPN