images
UN
UN
ဘင်္ဂလားဒေ့ရှ်နှင့် အနောက်တံခါး
အောင်ဇေယျ Friday, 01 November 2019
(ယမန်နေ့မှအဆက်)
၎င်းမူမှာ (၁) ပြန်လည်ဝင်ရောက်လာ သူသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူ များ ဖြစ်ရမည်။(They must be the resudents of Myanmar) (၂) ၄င်းတို့ ကိုယ်တိုင် ပြန်လည်ဝင်ရောက်လိုသူများ ဖြစ်ရမည်။ (They must be the ones who voluntarily wish to return to Myanmar by themselves) (၃) ကွဲကွာနေသော မိသားစုစာရင်းဝင်များ အတွက် ဘင်္ဂလားဒေ့ရှ်ဗဟိုအဆင့်ရှိသော တရားရုံးမှ ထောက်ခံချက်ပါရှိရမည်။ (The Members of the split families must have attestation from the higher level courts of Bangladesh) (၄) တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွား သော ကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဖများမှမွေးဖွားသော ကလေးဖြစ်ရမည်။ Both parents of the additional offspring born in the other side of the country must be the residents of Myanmar တို့ဖြစ် ကြသည်။ ဤသဘောတူညီချက်များ သည် ယနေ့တိုင်အောင် အတည်ဖြစ်နေ ဦးမည်ထင်ပါသည်။
လွန်ခဲ့သော ၂ဝ၁၃ခုနှစ်ခန့်ကဖြစ်မည် ထင်သည်။ တပ်မတော်(ရေ)ဦးစီးချုပ် သည် ဘင်္ဂလားဒေ့ရှ်သို့သွားစဉ် ဝန်ကြီး ချုပ်ရှိတ်ဟာဆီနာနှင့် ဂါရဝပြုတွေ့ဆုံ သော အစီအစဉ်တစ်ခုပါရှိသည်။ ဝန်ကြီး ချုပ်က ''သူ့ပြည်သူသန်း ၁၆ဝ ကို တောင် ကျွေးထားနိုင်တာ မြန်မာဘက်မှ ဝင်လာသော ဒုက္ခသည်တစ်သိန်းကျော် လောက်ကို ကျွေးထားနိုင်ကြောင်း၊ သို့သော် ဒီနည်းနည်းလေးကျန်သည့် ဒုက္ခသည်ကိစ္စအကြောင်းပြပြီး အမေ ရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂအပါအဝင် အင်န်ဂျီအိုတွေ ခြေရှုပ်နေလို့ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို အမြဲထိခိုက်နေကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံကို ဆန့်ကျင်တိုက် ခိုက်နေသော အဖွဲ့အစည်းတွေကပါ ဒါကို အခွင့်ကောင်းယူလာကြောင်း၊ သူ့အနေနဲ့ ကတော့ လက်ကျန်ဒုက္ခသည်တွေကို မြန်မာနိုင်ငံကလက်ခံလိုက်ရင် ဒီပြဿနာ တွေရှင်းသွားပြီးတော့ မြန်မာနဲ့ ဘင်္ဂလား ဒေ့ရှ်လည်း ကောင်းမွန်တဲ့ဆက်ဆံရေး တွေ ဆက်လုပ်ရမှာဖြစ်ကြောင်း၊ ထို့ ကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေကို တင်ပြပေးစေလိုကြောင်း'' ပြောလေ သည်။ မြန်မာရေချုပ်က ''ဤကိစ္စမှာ သူနှင့် တိုက်ရိုက်မသက်ဆိုင်ကြောင်း၊ သို့သော်လည်း ဒီဒုက္ခသည်ဟု ပြောသော သူတွေကို ကျွန်တော်တို့နှစ်နိုင်ငံ အကြိမ် ကြိမ် စိစစ်လွှဲပြောင်းထားပြီး ကျွန်တော် သိရသလောက် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်က varification မူ လေးချက်နဲ့ ကိုက်ညီသူတွေသာဖြစ်သည် ဟု ကြားဖူးကြောင်း''ပြောဆိုပြီး 'သူတို့ ကိုယ်တိုင် ပြန်လာချင်သူ ဖြစ်ရမယ်' ဟူသောအချက်ကို စတင်ဖတ်ပြရုံရှိသေး အလွန်ပါးနပ်သော အဘွားကြီးက ''ဒီလို တော့လည်း ဒီလူတွေ ဘယ်သွားချင် ပါ့မလဲ။ သူတို့က ဟိုလူတွေအကူအညီ အထောက်အပံ့နဲ့ အနေချောင်နေတာ'' ဟု ရေရွတ်သလိုပြောပြီး စကားလမ်း ကြောင်း ပြောင်းသွားသည်ကို ရေချုပ် တင်ထားသော ပိုစ့်၌ဖတ်ခဲ့ဖူး၏။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်မွေးစား၍ မျောက်ပြဆန်တောင်း လုပ်စားနေကြောင်း ဝန်ကြီးချုပ်၏စကားတွင် အရိပ်အြ>ွမက် ပါသွားသည်။
သူ့လူတွေကို မြန်မာ နိုင်ငံဘက်သို့ တစ်နည်းနည်းဖြင့် ရောက် စေချင်နေသည်။
စင်စစ်ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ လျှံကျမှု သို့မဟုတ် လူဦးရေပေါက်ကွဲမှု၊ နယ်မြေကျဉ်းမြောင်းမှုသာမက သဘာဝ ဘေး အန္တရာယ်ကြောင့် နယ်မြေဆုတ် ယုတ်မည့်အနေအထား ရှိနေပြန်သည်။ နိုင်ငံအလယ်ပိုင်းရှိ Padma(Ganges) မြစ်နှင့် Jamuna (Brahmaputra) မြစ်ဆုံ ရာ မြစ်ဝှမ်းဒေသကြီးသည် နှစ်စဉ်ရေလျှံ ရေလွှမ်းမိုးသောမြေနိမ့်ပိုင်းဖြစ်သည်။ ပေ ၁ဝဝ(၃ဝမီတာ)ခန့်မြင့်သော ကုန်းမြေ အနည်းငယ်မှလွဲ၍ ကျန်နေရာများမှာ နုန်းတင်မြေနုဖြစ်ပြီး ပင်လယ်ရေမျက်နှာ အထက် (above sea Level) ပေ ၃ဝ (၉မီတာ)ခန့်သာရှိသည်။ ဆိုင်ကလုန်း မုန်တိုင်းများကြောင့် ပင်လယ်ကွေ့ကမ်း ရိုးတန်းမှာ သဘာဝဘေးအန္တရာယ်ကို အမြဲကြုံရသည်။ သည့်ထက်ဆိုးသည် ကား ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝင်ရိုးစွန်းရေခဲများ အရည်ပျော်ကျ၍ ပင်လယ်သမုဒ္ဒရာကမ်းရိုးတန်း မြေနိမ့် ပိုင်းနှင့်ကျွန်းများ ပင်လယ်ရေအောက် ရောက်မည့်ဘေးတွင် ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်နေသည်ဟု ဆိုခြင်းပင်။ ရေလွတ် မြေကို အိန္ဒိယထဲကယူမည်လား၊ မြန်မာ ထဲကယူမည်လား၊ ဘယ်ဟာက လွယ် မည်လဲ၊ အထူးတွက်ချက်နေစရာပင် မလိုချေ။
အစိုးရအဆက်ဆက် ပြည်တွင်းရေး အဖြစ် ထိန်းသိမ်းဖြေရှင်းလာခဲ့သော ရခိုင်ပြည်နယ်ပြဿနာကို အင်န်အယ်လ်ဒီ အစိုးရက ကိုဖီအာနန်လက်အပ်၍ အကြံ ဉာဏ်တောင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ထိုးစစ်အသွင် ကူးပြောင်းသွားခဲ့သည်။ နိုင်ငံရေး၊သံတမန် ရေးစစ်မျက်နှာများတွင် တစ်ဖတ်သတ် အသာစီးရခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ချုပ်သည် နိုင်ငံကြီးအချို့၏ခေါင်းဆောင် များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံကို ဖိအား ပေးရန် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂ ကြိုးဝိုင်းထက်တွင် လက်ရည်မမျှသော ပြိုင်ဘက်များကို ကောင်းစွာယှဉ်ပြိုင်နိုင် ခဲ့သည်။ ဘုံအကျိုးတူ အမှတ်ပေးဒိုင် များက သူ့ဘက်မှာ ရှိနေသည်။ မြန်မာ ဘက်တွင်မူ ဒိုင်လူကြီးနှစ်ယောက်လောက် ကိုသာ အားကိုးနေရသည်။
စစ်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံထိပ် တိုက်မတွေ့သော်လည်း
မြန်မာနိုင်ငံထဲ ဝင်၍ ရဲစခန်းများကို တိုက်ကွက်ဖော်ခဲ့ သော အာဆာအကြမ်းဖက်အဖွဲ့နှင့်ဘင်္ဂါလီ ဆိုးတို့အတွက် လွတ်မြောက်ရာမြေ ဘယ်မှာရှိသည်ကို မေးခွန်းထုတ်စရာ မလိုချေ။ မြန်မာအစိုးရက အကြမ်းဖက်မှု တွင်ပါဝင်သော ဘင်္ဂါလီဆိုးတို့၏ စာရင်း နှင့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပေးထားသော်လည်း တစ် ယောက် တလေမျှ ဖမ်းဆီးလွှဲပြောင်း ပေးသည်ဟု စာရေးသူမကြားမိသေးချေ။ သို့ရာတွင် နယ်စပ်တစ်လျှောက်ကင်းလှည့် နေသော လုံခြုံရေးတပ်ဖွဲ့ကို တစ်ဖက် ခြံစည်းရိုးထဲမှ ပစ်ခတ်မှု၊ နယ်ခြားစည်း ရိုး ကာရံနေသော မိမိနိုင်ငံသားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဖမ်းဆီးခေါ် ဆောင်သွားမှုတွေ ရှိနေခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ဤဖြစ်ရပ်များနှင့် ပတ်သက်၍ နှုတ်ဆိတ်နေသည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ အား ဆန့်ကျင်တိုက်ခိုက်သော ယင်းနိုင်ငံ များမှ လက်နက်ကိုင်အင်အားစုများ၊ အတိုက်အခံခေါင်းဆောင်နှင့် အင်အားစု များ၊ မအောင်မြင်သော စစ်ဘက်အာဏာ သိမ်းမှု ခေါင်းဆောင်များကို နိုင်ငံခြားရေး မူဝါဒနှင့်အညီ ပြတ်ပြတ်သားသားရပ် တည် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်နိုင်ငံအတွင်း ရပ်တည်ခွင့်မပြုခဲ့ပေ။ တနင်္သာရီဒေသသို့ ကျူးကျော်ဝင်ရောက်လာသော ထိုင်း ကွန်မြူနစ်များကို တိုက်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်လာ သော ထိုင်းစစ်ဘက်အာဏာသိမ်းခေါင်း ဆောင်တစ်ဦးကို ပြန်လည်လွှဲပြောင်းပေး ခဲ့သည်။ လောဖြူလက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကို ချေမှုန်း ပေးခဲ့သည်။ ကေအမ်တီ တရုတ်ဖြူတပ် များကို မောင်းထုတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကို ပုန်ကန်ခြားနားနေသော မီဇိုလက်နက် ကိုင်များကိုတိုက်ထုတ်ပေးခဲ့သည်။ မြန်မာ နိုင်ငံ၏ အိမ်နီးချင်းကောင်းပီသမှုကို ဤဖြစ်စဉ်များက ပြသသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာရဲကင်း များစွာကို တစ်ပြိုင်နက်စီးနင်းတိုက်ခိုက် ၍ အပြစ်မဲ့တိုင်းရင်းသားများကို သတ် ဖြတ်ကာ ကျေးရွာများကို မီးရှို့သွားသော အာဆာ အကြမ်းဖက်သမားများနှင့် အလို တူအလိုပါ မွတ်စလင်ဘင်္ဂါလီဆိုးများကို လက်ခံထားသည်ဟု ယူဆရသည်။ ''ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဂျမတ်အစ္စလာမ်မီ ပါတီဟာ အစ္စလာမ်စစ်သွေြး<ွကတွေရဲ့ ကြိုးကိုင်အဖွဲ့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်က ကျွန်တော်တို့ရေတွက်ကြည့်ရသလောက် အဖွဲ့ငယ်ပေါင်းတစ်ရာကျော်ဟာ ဘင်္ဂလား ဒေ့ရှ်မှာ လှုပ်ရှားနေကြတယ်။ သူတို့ကို ဒီနိုင်ငံအတွင်းမှာပဲ စစ်သင်တန်းပေးထား တာဖြစ်တယ်။ ရိုဟင်ဂျာအဖွဲ့ဆိုတာတွေ လည်းပါတယ်။ သူတို့ဟာ ဝါဒဖြန့်စာ တွေ ဖြန့်ချိကြတယ်။ အာဖဂန်နစ္စတန်နဲ့