images
UN
UN
သတိရှိပါ ရွှေမြန်မာ(ကဗျာ)
Friday, 01 November 2019
* ရှေးအခါက ပညာကြွယ်ဝ
ပြည့်လှနှလုံး ဘုန်းလက်ရုံးနှင့်
စုရုံးအားမာန် ပြင်းထန်စိတ်ဓာတ်
မွန်မြတ်မျိုးရိုး ရိုကျိုးဘာသာ
ပြည်မြန်မာတွက် သူ့အသက်ကို
ဖက်ရွက်အလား စိတ်မှတ်ထားလို့
ဆောင်ဓားကိုလွယ် နယ်နယ်ရပ်ရပ်
တောစပ်မကျန် မြစ်လှန်ပယ်ရှင်း
ပြည်တွင်းပြည်ပ ငြိမ်းချမ်းရအောင်
သူစွမ်းဆောင်လို့ ငါတို့၏ပြည်
ကမ္ဘာတည်ခဲ့။
* သည်ဘိုးဘွားများ မှာကြားစကား
တို့မှတ်ထားခဲ့ တို့ရဲ့နိုင်ငံ
တို့ဟန်တို့နန်း ကိုယ့်ကြငှန်းနှင့်
မင်းခမ်းမင်းနား မော်ကြွားတောက်ပြောင်
ရွှေရောင်အဆင်း နန်းတွင်းအလှ
တုနှိုင်းပလျှင် ပြည်တွင်းပြည်ပ
အံ့သြကြနှင့် ပြည်မ မက
ရှိကြပြည်လုံး စည်းရုံးစွမ်းအင်
မှတ်တမ်းတင်ရ ရှိကြပြည်သူ
ချစ်ကြည်ဖြူလို့ ငါတို့မြန်မာ
ရှည်ကြာကမ္ဘာ တည်ခဲ့တာပေါ့။
* ခုတော့
တို့များသည်ခေတ် သမိုင်းသစ်မှာ
အသစ်သစ်များ တိုးတက်သွားလည်း
စိတ်ထဲမပါ ဟန်သာပြုံးပြ
ဟန်ဆောင်ကြနှင့် သူကရရင်
ငါလျှင်မရ ငါရသူမပါ
နာလိုစွာနှင့် ငါနဲ့တူတူ
မိတ်ဆွေဟူလို ငါ့လိုမလိုက်
သူမိုက်ဟုပင် စိတ်မှာထင်တိုင်း
စိတ်ရိုင်းကဲရင် ကြာလျှင်ပြည်ပျောက်
ဒုက္ခရောက်မို့ စိတ်ကြောင့်ဒုက္ခ
တို့သိကြရင် တို့ပင်ပြင်ကြ
အချိန်ရသည် မှတ်သည်အသိ
သတိရှိပါ ရွှေမြန်မာသို့။
ကိုလှ(နပတ)