images
UN
UN
တန်ဆောင်မုန်းလပြည့်ညနှင့် ဆေးဖက်ဝင်မဲဇလီပင်လေးများအကြောင်း
ပေါက်ပေါက် Monday, 04 November 2019
မဲဇလီဆိုသည်မှာ ရွက်ပေါင်းအရွက် ရှိ၍အဝါရောင်အပွင့်များအချိန်လိုက်ဖူး ပွင့်သည့်ပင်စောက်ကြီးတစ်မျိုး(အရွက်၊ အဖူးစသည်ကို ဟင်းလျာအဖြစ်စားသုံး ပြီး အရသာခါး၍ဆေးဖက်ဝင်သည်)ဟု မဲဇလီနှင့်ပတ်သက်၍ မြန်မာအဘိဓာန် တွင် ဖွင့်ဆိုထားပါတယ်။
မဲဇလီပင်အကြောင်းကိုရေးလျှင် တန် ဆောင်မုန်းလအကြောင်းကိုလည်း ချန် ထား၍မဖြစ်နိုင်ပေ။
တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ် စွာဘုရားရှင်က ရာဇဂြိုဟ်ပြည့်ရှင် အဇာ တသတ်မင်းနှင့်အပေါင်းပါတို့အား သာမ ညဖလသုတ်ဟောကြားသည့်နေ့ထူးနေ့ မြတ်ဖြစ်ပါတယ်။ တန်ဆောင်မုန်းလ ပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးစသည့် ငါးမျိုးကင်းစင်နေတာ ကြောင့် ထက်ကောင်းကင်တစ်ခွင်လုံး ကြည်လင်ကာ နက္ခတ်တာရာစုံထွန်း လင်းနေပါတယ်။ မပီဝိုးဝါးသေးမွှားတဲ့ ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ် စုလေးများလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။ မဇ္ဈိမဒေသမှလာတဲ့ သာရကောမုဒိဆေးကျမ်းအရ၊တန်ဆောင် မုန်းလပြည့်ည သန်းခေါင်ယံလမင်းကြီး ဝိုင်းစက်ပြည့်ဝန်းနေစဉ် ကြတ္တိကာနက္ခတ် နှင့်စန်းယှဉ်၍ ပုဏ္ဍာတိထီ (ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း) ဆေးပင် အပေါင်းကို စောင့်ရှောက်သော
နတ်တို့ သည် မဲဇလီပင်စောင့်နတ်မင်းကြီးထံလာ ရောက်ခစားကြသည်ဟု ဆိုပါတယ်။
ဒါကြောင့် ထိုအချိန်မှာ မဲဇလီကို ဆေးဖက်ဝင်အောင်စီရင်ခြင်းဟာ အချိန် အခါကောင်းတစ်ရပ်လို့ဆိုနိုင်ပါတယ်တဲ့။ ဒါကြောင့်လည်း တန်ဆောင်မုန်းလပြည့် နေ့ည ၁၂ နာရီတိတိအချိန်ကို ဆေး ပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက် ဆုံးအချိန်လို့သတ်မှတ်ပြီး တိုင်းရင်းဆေး ဆရာကြီးများက ဆေးဝါးမျိုးစုံကို ဖော် စပ်လေ့ရှိကြပါတယ်။
မဲဇလီနှင့်ကျန်းမာရေး
ရုက္ခဗေဒအမည်အရ Cassiasiamea Linn မျိုးရင်းဖြစ်ပါတယ်။ ၁ဝဝ ဂရမ် အလေးချိန်ရှိတဲ့ မဲဇလီဖူးနှင့် အရွက်တို့ ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ် ကြည့်ရာ၊ ကယ်လိုရီ ၁ဝဝ၊ ပရိုတင်း ၇ ဒသမ ၁ ဂရမ်၊ အဆီဓာတ် ၁ ဒသမ သုညဂရမ်၊ ကစီဓာတ် ၁၇ ဒသမ ၉ ဂရမ်၊ ထုံးဓာတ် ၄၄ ဒသမ၁ မီလီဂရမ်၊ သံဓာတ် ၁ ၇ဒသမ သုည မီလီဂရမ်၊ ဗီတာမင် အေအိုင် ယူ ၁၄၅ဝဝ၊ ဗီတာ မင်ဘီဝမ်း သုည ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၆၉ မီလီ ဂရမ်၊ နိုင်ယာစင် ၁ ဒသမ ၃ မီလီဂရမ်၊ ဗီတာမင်စီ ၁ဝ၁ မီလီဂရမ်တို့ အသီးသီး ပါရှိကြပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်း ရွက်များမှာ ရှားရှားပါးပါးတွေ့ရခဲသော ဆေးဖက်ဝင် glycosides, terpenoids, tannins, saponins, flavonoids နှင့် steroids တွေလည်းပါရှိကြပါသေးတယ်။
ချို၊ ဆိမ့်၊ ဖန်အရသာ သုံးမျိုး ရော ပြွမ်း၍ ခါးသက်သက်အရသာလွှမ်းမိုး သော မဲဇလီပင်မှာ အာပေါဓာတ်ကြီး စိုး၍ ဝါယောဓာတ်ပူးတွဲပါရှိနေတာကြောင့် ရှေးတိုင်းရင်းသမားတော်ကြီးများကမြန်မာ့ ရိုးရာဆေးမြီးတိုအဖြစ် အိပ်မပျော်ခြင်း၊ သွေးတက်ခြင်း၊ ရုပ်ရည်ခန်းခြောက်ခြင်း၊ အသက်ရြှု>ွပန် ချောင်းရောင်ခြင်း၊ ချောင်း ခြောက်ဆိုးခြင်းစတဲ့ ရောဂါများအတွက် ကုသပေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ တော့ ကာလသားရောဂါ ရှန်ကာနာကို မဲဇလီရွက်ဖြင့် ကုသလေ့ရှိပါတယ်။ သမ်းဝေပြီး အိပ်မပျော်ခြင်းအတွက် မဲဇလီဖူးကို သုပ်၍စားက နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ပါးစပ် အတွင်း အပူထွက်ခြင်း၊ သွားဖုံးရောင် ခြင်းတို့အတွက် မဲဇလီရွက်နှင့် အပွင့်တို့ ကို ခပ်ကျကျပြုတ်၍ ငုံပေးပါက သက် သာပျောက်ကင်းနိုင်ပါတယ်။ မျက်စိနာ ခြင်းအတွက် မဲဇလီမြစ်ကို သွေး၍ မျက်စိ တစ်ဝိုက်ကွင်းပေးပါ။ ကနခိုစေ့စား၍ ဝမ်းသွားလွန်ခြင်းအတွက် မဲဇလီမြစ်ကို ထန်းလျက်နှင့် ပြုတ်၍ သောက်ပေးခြင်း ဖြင့် ဝမ်းရပ်တန့်ပါလိမ့်မယ်။
ချောင်းဆိုး၊ ရင်ကျပ်၊ လည်ချောင်း နာခြင်းတို့အတွက် မဲဇလီရွက်နှင့် မုရား ကြီးရွက်တို့ကို ဆတူရော၍ သုံးခွက် တစ်ခွက်တင်ကျိုပြီးနောက် ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးများ သန်ထပါက မဲဇလီရွက် လတ်လတ်ဆတ်ဆတ်ထောင်းရည်(သတ္တု ရည်)နှင့်
သံပရာရည်ရောစပ် တိုက်ပေး ခြင်းဖြင့် သန်ကျစေနိုင်ပါတယ်။ ဝမ်း ချုပ်ပြီး စမြင်းခံခြင်းအတွက် မဲဇလီဖူး ကိုပြုတ်၍ တို့စရာအဖြစ်စားပေးပါက ဝမ်းမှန်၍ လေသက်စေနိုင်ပါတယ်။ ကင်း၊ ပုရွက်ဆိတ်စတဲ့အဆိပ်ရှိ သတ္တဝါ တွေအကိုက်ခံရပါက မဲဇလီရွက်ကို ကြိတ်၍ ဒဏ်ရာပေါ်အုံပေးပါက အဆိပ် ပြေစေပါတယ်။ နှင်းခူအစိုအတွက် မဲဇလီရွက်ကို သံပရာရည်နှင့်ကြိတ်၍ နှင်းခူပေါ်အုံခြင်း၊မဲဇလီရွက်ပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းတို့ ပြုလုပ်ပေးပါ။
အမျိုးသမီးများ မျက်နှာပေါ်တွင် မီး ယပ်ကွက်ထွက်ခြင်းအတွက် မဲဇလီပွင့် (သို့မဟုတ်) အရွက်ကို အခြောက်လှန်း အမှုန့်ကြိတ်၍ ရေဖြင့်ဖျော်ပြီး လိမ်းပေး ပါ။ မဲဇလီရွက်ပြုတ်ရည်ဖြစ်စေ၊ အရွက် ကို အခြောက်လှန်းအမှုန့်ကြိတ်၍ဖြစ်စေ ပျားရည်နှင့်ရောစပ်စားပေးပါက သွေး သားသန့်စင်၍ အားအင်ပြည့်ဖြိုးစေပါ တယ်။ မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝ အခါးဓာတ်က အသည်းအားကောင်း စေ ပါတယ်။ အစာခြေစနစ်ကိုကောင်းမွန် စေရုံသာမက ပျို့အန်ခြင်း၊ အက်စစ်ဆန် တက်၍လေချဉ်တက်ခြင်း၊ ရင်ပူခြင်းတို့ ကို သက်သာစေပါတယ်။
ခန္ဓာကိုယ်အတွက်လိုအပ်သော ပရို တင်းဓာတ်ကိုဖြည့်တင်းပေးပြီး ကိုယ် ခန္ဓာကြီးထွားမှုကိုကောင်းစွာအထောက် အပံ့ပေးပါတယ်။ အူမကြီးကို ကောင်း စွာအလုပ်လုပ်စေလို့ ဝမ်းပျော့ပျော့သွား စေပါတယ်။ ထို့ပြင် အူမကြီးနှင့် အူသိမ် အူမများထဲရှိ တုတ်ကောင်/သန်ကောင် စတဲ့ ကပ်ပါးကောင်များကို ဖယ်ရှားပေး လို့ အူကိုသန့်စင်စေပါတယ်။ ကစီဓာတ်ြ<ွကယ်ဝစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ် တွင်းဇီဝဖြစ်စဉ်ကိုကောင်းကျိုးပြုပါတယ်။သရက်ရွက်ထဲရှိကောင်းသောဆဲလ်အသစ် များကို တိုးပွားစေတာကြောင့်၊ သရက် ရွက်ကိုကျန်းမာစေပါတယ်။ မဲဇလီဖူးထဲ တွင်ပါရှိသော သဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိမကောင်းသောဓာတ်များ ကို လောင်ကျွမ်းစေပါတယ်။
အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်း များအပြင် ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်သင်ဖယ် ရှားပေးတာကြောင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါများ မဖြစ်စေ နိုင်ပါ။ မဲဇလီဖူးထဲတွင်ပါရှိသော သတ္တု ဓာတ်ပေါင်းစုများက သူငယ်နာ အရိုးပျော့ ရောဂါကိုကာကွယ်ပေးတာကြောင့် မွေး ဖွားလာသော ကလေးများတွင် ပိုလီယို ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ် သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မဲဇလီဖူးကိုမဖြစ်မနေစားသုံးသင့်ပါတယ်။
ဓာတ်ခွဲစမ်းသပ်ချက်များအရ မဲဇလီ ဖူး၊ ရွက်၊ ပွင့်ထဲတွင်ပါရှိသော အာဟာရ ဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ် လို့ ဆိုပါတယ်။
ဆေးဖက်ဝင်တဲ့ မဲဇလီဖူးသုပ်
အိမ်ရှင်မများဟာ တန်ဆောင်မုန်းလ ပြည့်နေ့ နံနက်ကတည်းက ဈေးထဲမှာ မဲဇလီဖူးအစည်းလေးတွေ ဝယ်လာပြီး ချစ်ခင်ရတဲ့မိသားစုကို သုပ်ကျွေးလေ့ ရှိကြပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ကာလ သားတွေဟာ အိမ်တကာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟိုဒီဒီ နေရာရွှေ့ကာ စနောက်လေ့ရှိကြတဲ့ 'ကျီးမနိုးပွဲ' သို့ မဟုတ်'စောရပွဲ'ဟာလည်း ချစ်စရာ့မြန်မာ့ ရိုးရာဓလေ့လေးပါ။ဆေးပေါင်းခတဲ့ တန် ဆောင်မုန်းလပြည့်ညလေးမှာ မိသားစု တွေ ပျော်ရွှင်စွာဝိုင်းဖွဲ့ကာ မဲဇလီဖူးသုပ် လေးစားရင်း ရောဂါဘယကင်းဝေးကြ ပါစေလို့ ဆန္ဒပြုရင်း။