images
UN
UN
မိုးညှင်းတွင် ငွေကျပ်၁၄သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Monday, 04 November 2019
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်အတွင်း ယမန်နေ့က ငွေကျပ် ၁၄သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့မရဲတပ်ဖွဲ့စခန်း၏ မှတ် တမ်းအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက်၇ နာရီ၁၅မိနစ်က မိုးညှင်းခရိုင်ရဲတပ် ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစိတ် မှဒုရဲအုပ်မျိုးမြင့်အောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ပူးပေါင်း၍ မိုးညှင်းမြို့နယ် ဗောဓိ ကုန်းကျေးရွာနေ ဝိုင်းချစ်(ခ)သား ငယ်(၂ဝနှစ်)၏ နေအိမ်အားဝင် ရောက်စစ်ဆေးရှာဖွေရာ ၄င်းအား နေအိမ်တွင် အသင့်တွေ့ရှိပြီး ဆက် လက်ရှာဖွေစစ်ဆေးရာ ကာလတန် ဖိုးငွေကျပ် ၃၅ဝဝဝရှိ ဘိန်းဖြူမှုန့် အလေးချိန် သုညဒသမ၅ဂရမ်နှင့် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက် ကာလတန်ဖိုးငွေကျပ် ၁၃၈ဝဝဝဝရှိ ၈၈/၁စာတန်းပါပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား၄၆ဝ ကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများနှင့်အတူတွေ့ရှိသည့် ဝိုင်း ချစ်(ခ)သားငယ်ကို မိုးညှင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ မယ(ပ) ၂ဝ၇/ ၂ဝ၁၉၊ မူး/စိတ်ပုဒ်မ၁၉(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိ ရသည်။