images
UN
UN
လက်လုပ်တူမီးသေနတ် ခြောက်လုံးပြူးသေနတ်များနှင့်အတူ WY ဆေးပြားများဖမ်းဆီးရမိ
ကျော်စိုး(ကော့သောင်း) Monday, 04 November 2019

ကော့သောင်းခရိုင် မာရမ်း ကျေးရွာအုပ်စု အေးချမ်းသာကျေး ရွာတွင် လက်လုပ်တူမီးသေနတ် အရှည်၊ ခြောက်လုံးပြူးသေနတ် များနှင့်အတူ WY ဆေးပြားများကို ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီး ဖော်ထုတ်ရမိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့က မာရမ်းကျေးရွာ ရဲကင်းစခန်းမှူး ဦးဆောင်သည့်အဖွဲ့သည် ကျေးရွာ တာဝန်ရှိ သက်သေများနှင့်အတူ သတင်းအရ မူးယစ်ဆေးဝါးရှာဖွေ ခွင့်ဝရမ်းအမှတ်(၂၈/၂ဝ၁၉)ဖြင့် မာရမ်းကျေးရွာအုပ်စု အေးချမ်း သာကျေးရွာ ဥယျာဉ်ခြံလုပ်ကိုင်သူ အောင်မြင့်(၅ဝနှစ်)၏ နေအိမ်ခြံ ဝင်းအား ဝင်ရောက်စစ်ဆေးရှာ ဖွေရာ ၄င်းနှင့်အတူ သားဖြစ်သူစိုး သူအောင်(၂၅နှစ်)နှင့် ထူးဝေယံ (၂ဝနှစ်)တို့နှစ်ဦးအား အတူတွေ့ ရှိရပြီး နေအိမ်အတွင်း ဆက်လက် ရှာဖွေရာ WY စာတန်းပါ ပန်း ရောင်စိတ်ကြွေဆးပြား ၁၇၈၈ ပြားနှင့် ICE ဟုယူဆရသည့် အခဲ သုည ဒသမ ၁ ဂရမ်၊ဘိန်းစာရွက် ခုနစ် ကီလိုဂရမ်၊ မူးယစ်ဆေးသုံးစွဲ သည့် ဆက်စပ်ပစ္စည်းကိရိယာများ ရှာဖွေတွေ့ရှိခဲ့ရပြီး နေအိမ်အပေါ် ထပ်နှင့်ခြံဝင်းအတွင်း ဆက်လက် ရှာဖွေရာ အရှည်လေးပေ၊ ခြောက် လက်မရှိ လက်လုပ်တူမီးသေနတ် နှစ်လက်နှင့်ပစ်ခတ်ရာတွင်အသုံး ပြုသည့် ယမ်းဘူးတစ်ဘူး၊ ယမ်း ကတ်လေးခု၊ ၃၈ ဗို့ ဆုံလည် ခြောက်လုံးပြူးတစ်လက်၊ ၃၈ ဗို့ ကျည်ဖြင့်ပစ်ခတ်ရသည့် လက် လုပ်ခြောက်လုံးပြူးတစ်လက်တို့ အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။
အဆိုပါ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိသည့် အောင်မြင့်(၅ဝနှစ်)နှင့်သားဖြစ်သူ များဖြစ်သည့် စိုးသူအောင်နှင့်ထူး ဝေယံတို့သုံးဦးအား ကော့သောင်း ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေ နှင့် လက်နက်ဥပဒေများဖြင့် ဆက် လက်အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။