images
UN
UN
နယ်ကပရိသတ်တွေအားပေးမှုက ပွင့်ပွင့်လင်းလင်းနဲ့ဟန်ဆောင်မှုမရှိဘူးဆိုတဲ့ အဆိုတော် ဗီဗာဟိန်း
အဖြူရောင် Tuesday, 05 November 2019
နယ်ကပရိသတ်တွေ အားပေး မှုက ပွင့်ပွင့်လင်းလင်းနဲ့ဟန်ဆောင် မှုမရှိတဲ့အကြောင်း အဆိုတော် ဗီဗာဟိန်းက ပြောပြခဲ့သည်။
ကလေးအသံလေးနဲ့သီချင်းသီ ဆိုတဲ့အချိန်ကတည်းက ပရိသတ်ရဲ့ အားပေးမှုကိုရရှိခဲ့ပြီးလက်ရှိအချိန် ထိလည်းဖျော်ဖြေပွဲတွေမှာပရိသတ် အားပေးမှုကိုရရှိထားတဲ့အဆိုတော် ဗီဗာဟိန်းရဲ့ သီချင်းတွေကိုတော့ အလှူပွဲတွေမှာအမြဲကြားနေရတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်သည်။
''နယ်ပရိသတ်တွေက အား ပေးရင်ဟန်ဆောင်မှုမရှိဘူး အပြတ် ကိုသောင်းကျန်းတယ်။ တချို့ပွဲ တွေဆို ဆရာတော်ဘုန်းကြီးတွေ ကထိန်းတယ်လေ။ဘယ်လောက်ပဲ လုံခြုံရေးတွေ ချထားချထားသံဆူး ကြိုးတွေချထားချထား ခေါင်းကို အခေါက်ခံပြီး ရအောင်သောင်း ကျန်းတယ်။ အားပေးကြတယ်။ သူတို့ကအနုပညာရှင်တွေကို လက် ကလေးကိုင်လိုက်ရမှ ဝမ်းသာကြ တယ်။ ဒါက မိန်းကလေးတစ် ယောက်ကို ထိချင်ကိုင်ချင်တဲ့ တဏှာရာဂစိတ်နဲ့ မဟုတ်ဘူး။ အနုပညာရှင်တွေကို ချစ်တဲ့စိတ်နဲ့ ပါ။ ဒါကြောင့်ကိုယ့်ကိုသူတို့ ပန်း သီးပဲလာပေးပေး၊ ဆီးသီးပဲလာ ပေးပေး ဘာပဲလာပေးပေးယူလိုက် တယ်။တချို့ကြတော့လည်းသီချင်း ဆိုရင်းမောမှာစိုးလို့ အအေးဘူး လေးတွေလိုက်တိုက်တယ်။ ဆုတွေ လည်းချကျတယ်။ အဲဒီလိုသူတို့ ပေးသမျှ ကိုယ်ကယူပေးတယ်။သူ တို့ကလည်း ကိုယ့်လက်လေးကိုင် ပြီးကြည်နူးနေတတ်ကြတယ်။ အဲဒီ လိုလေးတွေမြင်ရတဲ့အခါကိုယ်က ပိုပြီး ဝမ်းသာပီတိဖြစ်ရပါတယ်'' ဟု အဆိုတော် ဗီဗာဟိန်းကပြော ပြခဲ့သည်။
လက်ရှိမှာလည်း သီချင်းခွေ အသစ်ထွက်ရှိဖို့လုပ်နေပြီး စီးရီး အတွက် သီချင်းလုပ်နေတာရှစ် ပုဒ်ပြီးသွားပြီး။ နှစ်ပုဒ်လောက်ပဲ ကျန်တော့တဲ့အတွက် ပရိသတ် လက်ထဲကို မကြာခင်အရောက် ထည့်ပေးဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။
စီးရီးအသစ်မှာပါဝင်မယ့် သီ ချင်းလေးတွေနဲ့ပတ်သက်လို့လည်း '' ဒီအခွေမှာတော့ အနှစ်သာရရှိ တဲ့သီချင်းလေးတွေကို အဖေဆို တုန်းကဗားရှင်းတစ်မျိုး သမီးဆို တော့ နောက်ဗာရှင်းတစ်မျိုးပုံစံ လေးပြောင်းဆိုထားတာပါ။ျွနာငထ ပုံစံမျိုးကတော့ တစ်ပုဒ်နှစ် ပုဒ်လောက်ပဲပါမယ်။ အရင်အခွေ လိုမျိုျးွနာငထ သီချင်းတွေချည်းပဲ သီးသန့်ထွက်ဖို့ရှိပါတယ်။ အဲဒါ တွေက နောက်မကြာမီလာပါ မယ်''လို့လည်း ပြောပြခဲ့သည်။
စင်ပေါ်မှာ ဖျော်ဖြေတဲ့အခါမျိုး တွေမှာတော့ အဆိုအများဆုံးနဲ့မ ပါမဖြစ်သီဆိုဖြစ်တာကတော့ 'ကို ကြီးကျော်'၊'တောင်ပြုန်း'နဲ့ 'ဘူးသီး မှအရီးလာမတော်နဲ့''၊''ဗျို့ဟစ်သံ'' သီချင်းတွေကို အများဆုံးသီဆိုဖြစ် ကြောင်းလည်း သိရသည်။