images
UN
UN
ရုပ်ရှင်ဇာတ်ကားကြီးများအတွက် Stellar Seven Entertainment အမျိုးသမီးသရုပ်ဆောင်များခေါ်ယူ
အလင်း Tuesday, 05 November 2019
မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးရန်အတွက် မျက်နှာ သစ်အမျိုးသမီးသရုပ်ဆောင်များအလိုရှိနေကြောင်း Stellar Seven Entertainment ထုတ်လုပ်ရေးမှ ခေါ်ယူနေကြောင်းသိရသည်။ လျှောက်ထားလိုသူများအနေဖြင့် အမျိုးသမီးသုံးဦးမှာ ခန္ဓာကိုယ် အချိုးအစားပုံမှန်ရှိ၍ ရုပ်ရည်ပြေပြစ်ချောမောလှပရမည်ဖြစ်ပြီး ကျန် အမျိုးသမီးတစ်ဦးအနေဖြင့် ပုံမှန်ထက်ပိုမိုပြည့်ဖြိုးသော ခန္ဓာကိုယ် အချိုးအစားရှိပြီး ရုပ်ရည်ပြေပြစ်ချောမောလှပရမည်ဖြစ်သည်။ လျှောက်ထားသူသည် လက်ရှိအသက်အရွယ်ကို အပိုင်းအခြားကန့် သတ်မထားသော်လည်း မျက်နှာအချိုးအစားနှင့် နုပျိုမှုမှာအသက် ၁၈နှစ်မှ ၂၂အတွင်းရှိသည်ဟုထင်မှတ်နိုင်သည့်သူ ဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းမိတ္တူပူးတွဲတင်ပြရမည်ဟု သိရ သည်။
''အဓိကကတော့ သရုပ်ဆောင်ခြင်းကို ဝါသနာပါသူဖြစ်ရမည်။ အများနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူ၊ ကြိုးစားအားထုတ်မှုကောင်း သူပေါ့နော်။ နောက်ပြီး မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရရှိသူဖြစ်ရ ပါမယ်။ Make Up လိမ်းခြယ်ထားခြင်း(သို့မဟုတ်)Photoshop ဖြင့်ပြုပြင်ထားခြင်းများမပါဝင်တဲ့ ကိုယ်တစ်ပိုင်းရိုက်ကူးထားတဲ့ မျက်နှာရှေ့တည့်တည့် ပုံတစ်ပုံ၊ဘေးတိုက်ဘယ်/ညာရိုက်ကူးထား သည့်ပုံ နှစ်ပုံနဲ့မိတ်ကပ်လိမ်းခြယ်ထားသောအလှဓာတ်ပုံ ၁ဝ ပုံ လျှောက်လွှာတွင်ပူးတွဲဖော်ပြရပါမည်။ ပြီးတော့သရုပ်ဆောင်အတွေ့ အကြုံရှိသူဖြစ်ပါက မိမိပါဝင်သရုပ်ဆောင်ဖူးသည့် တစ်မိနစ်စာဗီဒီ ယိုဖိုင်ကို admin@ stellar7myanmar.com သို့ပေးပို့ရပါမည်။
သရုပ်ဆောင်အတွေ့အကြုံမရှိသူဖြစ်ပါက မိမိနှစ်သက်ရာ ဇာတ်ကွက်တစ်ခုကို တစ်မိနစ်စာ သရုပ်ဆောင်ရိုက်ကူးပြီး admin@ stellar7myanmar.com သို့ ပေးပို့ရမှာပါ''ဟု Stellar Seven Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပေးပို့လျှောက်ထားသူများထဲမှာဆန်ခါတင်ရွေးချယ်ခံရသူများ ကှို Stellar Seven Entertainment မှပြန်လည်ဆက်သွယ်ပြီးနိုဝင်ဘာ လထဲတွင် Second Audition ခေါ်ယူသွားမည်ဖြစ်ပြီး လျှောက် ထားသူများအနေဖြင့် Stellar Seven Entertainment ရုံးတိုင်းလင့်ခ် ကွန်ဒိုအခန်းအမှတ် (B-09)၊ ဓမ္မစေတီလမ်းနှင့်လင့်ခ် လမ်းထောင့် ဗဟန်းမြို့နယ် ရန်ကုန်မြို့ ဖုန်းနံပါတ်-ဝ၉ ၇၇၈၄ဝဝဝဝ၇၊ ဝ၉၇၇၈၄ဝဝဝဝ၉တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။