images
UN
UN
ရိုးမပေါ်ကျတဲ့မျက်ရည် အထူးပွဲပြသ
ဒဂုံဝေလင်း Tuesday, 05 November 2019
Bo Bo Film ရုပ်ရှင်ထုတ် လုပ်ရေးမှစီစဉ်ပြီး ၁၉၈ဝ ပြည့် နှစ်က ရေးသားခဲ့သောဖြစ်ရပ်မှန် ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ဖြစ်သည့် ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင် ဇာတ်ကား Red Carpet Show ပြသခြင်းကို နိုဝင်ဘာ ၄ရက် ည ၇ နာရီ က ရန်ကုန်မြို့ သမ္မတရုပ် ရှင်ရုံတွင် ကျင်းပခဲ့သည်။
ယင်းဇာတ်ကားသည် စာရေး ဆရာဦးတင်ညွန့်၏ ဝတ္ထုကို သက် ဦးမောင် ဇာတ်ညွှန်းရေးဖွဲ့ကာ ဒါရိုက်တာကိုပေါက်က ရိုက်ကူးပုံ ဖော်ထားပြီး သရုပ်ဆောင်မြင့်မြတ်၊ ထူးအောင်၊အောင်ရေချမ်း၊ ကောင်း မြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာ ကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့် မိုရ်၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ဆင်မ၊ ဇော်မှိုင်းနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်။
အဆိုပါ ဇာတ်ကားသည် ရွာ မူလတန်းကျောင်းလေးတွင် မြို့မှ တာဝန်ကျလာသော ဆရာလေး တင်မောင်ဝင်းသည် ကိုယ်ကျိုးစွန့် အနစ်နာခံကာရွာအတွက် ကျောင်း အတွက် ဖွံ့ဖြိုးစည်ပင်လာအောင် လုပ်ကိုင်သွားခဲ့သော တော်လှန် ရေးကျောင်းဆရာလေး အဖြစ်မြင့် မြတ်က သရုပ်ဆောင်ထားသည်။ ယောက်ျားလျာကျောင်းဆရာမလေး မဟုတ်မခံ စိတ်ကြမ်းလူကြမ်းကြီး တိုးတိုးအဖြစ် အိန္ဒြာကျော်ဇင်က လည်းကောင်း၊ စီးပွားရေးသမား ကုန်စုံဆိုင်ရှင် အပျိုကြီးအဖြစ် ခိုင်သင်းကြည်ကလည်းကောင်း သရုပ်ဆောင်ထားကြသည်။ ကျေး လက်၏ ပညာရေးလောက ဘဝ သရုပ်ဖော်ထားသော ဇာတ်ကား ကောင်းတစ်ကားဖြစ်ပြီး နိုဝင်ဘာ ၇ ရက်တွင် မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသတော့ မည်ဖြစ်ကြောင်း သိရသည်။