images
UN
UN
အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်
WT Tuesday, 05 November 2019

နေပြည်တော်-ရန်ကုန်အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၆၈/ ၄ နှင့် ၆၈/၅ အကြားတွင် ယမန်နေ့နံနက် ၅ နာရီက နေပြည်တော်မှ ရန်ကုန် သို့မောင်းနှင်လာသော ရွှေတောင်ရိုး Expess ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက် ၍ လမ်းလယ်ကျွန်းဘယ်ရီယာတုံးအားတိုက်မိ ကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်း မှ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။
ယာဉ်ပေါ်ပါခရီးသည် ၃ဝ အနက် ဒဏ်ရာ ရရှိသူ ကျား ၁ဝ၊ မ လေးဦး စုစုပေါင်း ၁၄ ဦး (မစိုးရိမ်ရ)အား ရဲတပ်ဖွဲ့လူနာတင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။