images
UN
UN
မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
ဝေယံ(ဆိပ်ကြီးခနောင်တို) Tuesday, 05 November 2019
ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦး နှောက်အမြှေးရောင်ရောဂါ) စ သည့် ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယိုအကြော သေရောဂါကာကွယ်သည့် အစက် ချဆေးတိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်း မာရေးစစ်ဆေးပေးခြင်းနှင့် မေးခိုင် ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက် များအလိုက်ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။