images
UN
UN
၂ဝ၆ဝ တွင် အသက်အရွယ်ကြီးသူများ၌ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ သုံးဆခန့်မြင့်တက်နိုင်
KK(IR) Tuesday, 05 November 2019
နှလုံးရောဂါသည် တစ်ကမ္ဘာလုံး တွင်အဖြစ်အများဆုံးရောဂါ တစ်မျိုး ဖြစ်ပြီး အသက်ရွယ်ရလာသည် နှင့်အမျှ ကြုံတွေ့လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည့်အားလျော် စွာသုတေသနအသစ်တစ်ခု၏တွေ့ ရှိချက်အရ ၂ဝ၆ဝ ပြည့်နှစ်တွင် အသက်အရွယ်ကြီးသူများ၌ နှလုံးရောဂါဖြစ်ပွားမှုသည် သုံးဆ နီးပါး မြင့်မားလာနိုင်ကြောင်း သိရ သည်။ အဆိုပါသုတေသနတွေ့ရှိ ချက်ကို European Society of Cardiology ဂျာနယ်၌ ဖော်ပြခဲ့ ခြင်းဖြစ်သည်။ ယင်းသုတေသန သည် အသက် ၆ဝအထက်အသက် ကြီးသူများ၏ နှလုံးရောဂါဖြစ်ပွား မှုများကို အခြေခံကာ လေ့လာခဲ့ခြင်း ဖြစ်ပြီး ရရှိသည့်အချက်အလက် များအရ အနာဂတ်တွင်အသက် အရွယ်ကြီးသူများအနေဖြင့် နှလုံး ရောဂါပိုမိုဖြစ်ပွားနိုင်ကြောင်း ခန့် မှန်းခဲ့ခြင်းဖြစ်သည်။
အသက် ၆၆နှစ်မှ ၉၈နှစ် အရွယ်အသက်ကြီးသူ ၅၇ဝ၆ ယောက်ကိုရွေးချယ်ကာ ခန္ဓာကိုယ် အရွယ်အစား၊ လိင်နှင့် အသက် အရွယ်အရ ခံစားရသည့်ရောဂါ လက္ခဏာစသည့်အချက်အလက် များကိုအခြေခံကာ လေ့လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား များ၌နှလုံးရောဂါဖြစ်နိုင်ခြေသည် အမျိုးသမီးများထက်ပိုများကြောင်း လည်း သိရသည်။ အသက်အရွယ် အလိုက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ သည် မြင့်တက်နေလျက်ရှိပြီး ၆၉ နှစ်အောက် အသက်အရွယ်များတွင် ဖြစ်ပွားနိုင်ခြေ ၁ ဒသမ ၉ ရာခိုင် နှုန်းရှိပြီး အသက် ၈ဝ အရွယ်များ တွင်ဖြစ်ပွားနိုင်ခြေ ခြောက်ရာခိုင် နှုန်းရှိကြောင်း သိရသည်။
၂ဝ၆ဝ ပြည့်နှစ်အထိ အမျိုး သားများနှင့် အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်နိုင်ခြေသည် မြင့် တက်နေလျက်ရှိပြီး အသက် ၇ဝ မှ ၈ဝ နှစ်နှင့်အထက် အသက် အရွယ်များတွင် နှလုံးရောဂါဖြစ် ပွားနိုင်ခြေသည် အမြင့်ဆုံးဖြစ်လာ မည်ဖြစ်ကာ အမျိုးသမီးများတွင် အများဆုံးဖြစ်ပွားနိုင်ကြောင်း သိရ သည်။ ၂ဝ၄ဝ ပြည့်နှစ်တွင် သက် ကြီးရွယ်အိုများ၏ နှလုံးရောဂါဖြစ် နိုင်ခြေသည် ၂ ဒသမ ၃ ဆ မြင့် တက်လာမည်ဖြစ်ပြီး ၂ဝ၆ဝ ပြည့် နှစ်တွင်မူ ၂ ဒသမ ၉ဆမြင့်တက် လာမည်ဖြစ်သည်။
Ref: Sciencedaily.com